Chapter 7

6K 883 19
                                    

[Unicode]

အစကတော့ ရန်ရိသည် နောက်ဆုံးခွင့်ရက်တွင် ဖုခိုင်နှင့် အခြားသူငယ်ချင်း လေး-ငါးယောက်တို့ကို ချိန်းကာ တစ်ခွက်လောက် အတူသောက်ချင်ခဲ့သည်။ မထင်မှတ်ထားဘဲ၊ weekend မှာမှာတောင်မှ အကုန်လုံးက တစ်ခြားချိန်းဆိုထားမှုများ ရှိနေခဲ့သဖြင့် သူသည် တစ်ယောက်မှ ချိန်း၍မရခဲ့ပေ။

သူသည် ဖုခိုင်အား မကလော်တုပ်ဘဲ မနေနိုင်တော့ :

" တစ်နေ့လုံး မယားနဲ့ကလေးနားမှာပဲ ဝဲနေလိုက်၊ သုံးစားလို့ကော ရသေးရဲ့လား။ "

" ဟုတ်ပြီ၊ မင်းပဲ အသုံးကျတယ်၊ မင်းက အိမ်ထောင်မရှိတာမလို့၊ မင်း စိတ်ကြိုက်လမ်းသလားလို့ ရတယ်။ "

ဖုခိုင်သည် တခစ်ခစ်ရယ်လျက် ပြောလာသည်၊

" မနေ့ညက WeChat မှာ တင်ထားတဲ့ဟာက၊ ဘယ်သူနဲ့ သောက်တာလဲ?"

" ဘယ်သူမှမဟုတ်ဘူး။ "

" မင်းက လကို ရှု့စားပြီး တစ်ယောက်တည်း သောက်တာလား ဟမ်၊ ပေါက်ပန်းစေးတွေ။ "

ဖုခိုင်သည် အတင်းပြောသည့်လေသံဖြင့်၊

" ငါတို့ရဲ့ ခန့်ချောလှတဲ့ အစ်ကိုကြီးရန် မနေ့ညက ဘယ်သူ့ကို မှောက်အောင် လုပ်လိုက်တာလဲ?ဟိုသရုပ်ဆောင်တော့ မဟုတ်လောက်တော့ပါဘူးနော်?"

ရန်ရိသည် မပြတ်မသား ပြန်ဖြေလိုက်သည်။

" တကယ်သူလားဟ။ "

ဖုခိုင်သည် 'ကျစ်' ခနဲ စုပ်သပ်လိုက်သည်။

" မင်း အဲ့ဒီလေသံက ဘာသဘောလဲ?"

" နှစ်တွေကဖြင့် ဒီလောက်ကြာနေပြီ၊ ငါ မင်းရဲ့အကြိုက်ကို မဝေဖန်ဘဲ မနေနိုင်တော့ဘူး ဘဒို။ အခုခေတ်မိန်းကလေးတွေ အကုန်လုံးက အဲ့လို မိန်းမဆန်ဆန်မျိုးလေးတွေကို သဘောကျကြတာလား?"

ဖုခိုင်သည် သူနဲ့ပြိုင်မငြင်းနိုင်ခြင်းကို သဘောမကျသည့်လူစားပေ။

" သူများက ဘယ်လိုပဲဖြစ်ဖြစ် မင်းလို မျက်ခွက်တစ်ခွက်လုံး အမွှေးတွေနဲ့ထက်စာရင်တော့ ပိုကြည့်ကောင်းတယ်။ ပြီးတော့ သူက ပြောသေးတယ်၊ တကယ်တော့ ငါ့လိုမျိုး ဒီလို စမတ်ကျတဲ့ ကိုယ်ဟန်အနေအထားနဲ့ ယောကျာ်းလေးအငွေ့အသက်ရှိတဲ့လူမျိုးက ပိုပြီး လူကြိုက်များ ရေပန်းစားတယ်တဲ့။ "

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now