[Unicode]
ယမန်နေ့ကနေဝင်ရီတရောပေါက်ကွဲသည့်အချိန်မှစ၍ ယခုအချိန်ထိ 24 နာရီကျော်သွားလေပြီ။ ရဲဘက်က သည်လောက်များသည့်သဲလွန်စများကို ရှာတွေ့ထားခြင်းသဖြင့် ဟုန်ယန့်ကိုဖမ်းမိဖို့ရန်မှာ အနှေးနှင့်အမြန်ပင်ဖြစ်သည်။
ရန်ရိသည် အေးစက်စက်နှာမှုတ်လိုက်ပြီး :
“ သူ့ကိုယ်သူဉာဏ်ကောင်းလှပြီထင်နေတာပေါ့။ မင်းတို့က သူ့ကို ကျိုးချွမ်းကတစ်ဆင့်ဖမ်းမယ်လုပ်တော့၊ သူက ကြောက်ပြီး စကေးတွေမနည်းဘူးထုတ်သုံးလိုက်သေးတယ်။ အခုကျ ပြောင်းပြန်အနေနဲ့၊ သူ့ကိုယ်သူပြန်ဖော်ပြလိုက်သလိုမျိုးတောင်ဖြစ်သွားသေးတယ်။
“ သူက ဆောက်တည်ရာမရဖြစ်နေတာ။ ချန်ဖေ့ကို မဖမ်းမိခင်တုန်းက သူက ကံကောင်းနေသေးတာ။ ချန်ဖေ့လည်းအဖမ်းခံရရော ကျိုးချွမ်းက သူ့ကိုသစ္စာဖောက်မယ်ဆိုတာကို သူသိနေတယ်။ အဲ့တာကြောင့် အန္တရာယ်များတဲ့စွန့်စားချက်ကိုလုပ်လိုက်တာ။ ”
ကုံးရင့်ရှန်သည် ဆန်းစစ်ကာပြောလိုက်သည်။
“ တကယ်တော့ ဒီပေါက်ကွဲမှုဖြစ်တာကို သေချာကြည့်ကြည့်ရင် လုပ်တာက အကြွင်းမဲ့သတိမထားထားဘူး၊ ခြေရာလက်ရာတွေလည်း မနည်းဘူးကျန်နေခဲ့တယ်။ အချိန်ကအကန့်သတ်ရှိတယ်ဆိုရင်တောင်မှ၊ တကယ်လို့ ငါသာလုပ်ရမယ်ဆိုရင် ပိုပြီးသေသပ်အောင်လုပ်နိုင်တယ်။ ဓါတုနောက်ခံရှိတဲ့လူတိုင်းရဲ့စိတ်က အရမ်းအသေးစိတ်တယ်။ ဘာလို့လဲဆိုတော့ စမ်းသပ်ချက်လုပ်တဲ့အချိန်မှာ အမှားသေးသေးလေးတစ်ခုကတောင်မှ ရှုံးနိမ့်မှုကိုဖြစ်စေနိုင်ပြီး၊ သေစေနိုင်တဲ့အန္တရာယ်ကိုတောင်မှ ဖြစ်စေနိုင်တယ်။ အဲ့တာကြောင့် ဗုံးလုပ်တဲ့နည်းကိုပေးတဲ့လူနဲ့ ခွဲတဲ့လူက တစ်ယောက်တည်းမဟုတ်ဘူးလို့ ငါ သံသယဝင်တယ်။ ”
ရန်ရိမှာ အံ့ဩသွားပြီး :
“ မင်းရဲ့သဘောက ဟုန်ယန့်က အဲ့ဒီဓါတုနောက်ခံရှိတဲ့လူမဟုတ်ဘူးလို့ဆိုလိုတာလား။ ”
ထိုစဥ်၊ အခန်းတံခါးသည် တွန်းအဖွင့်ခံလိုက်ရသည်။ သူတို့၏ drip မှာ ကုန်သွားပြီဖြစ်သဖြင့် သူနာပြုသည် ဝင်လာပြီး အပ်နှုတ်ပေးခြင်းသည်။
YOU ARE READING
Fight The Fire 《火焰戎装》Myanmar Translation
General FictionOriginal Author : 水千丞 (Shui Qian Cheng) Myanmar Translation of Fight the Fire 《火焰戎装》 196 Chapters + 4 Extras Disclaimer : I don't own this story and any picture that I used in this story. All credits go to author 水千丞 and original artists. I transla...