Chapter 88

3.7K 593 48
                                    

[Unicode]

ထပ်ခိုး​ပေါ်မှ ဆင်းလာ​​သောအခါ၊ ကုံးရင့်ရှန်သည် အဓိကဝင်​ပေါက်၏အပြင်ဘက်စင်္ကြံတွင် ​ရပ်​နေ​ကြောင်းကို ရန်ရိ​တွေ့လိုက်ရသည်။ သူ့အား ​တွေ့​သော်၊ ​အေးတိ​အေးစက်မျက်နှာထားနှင့်​ပြော​လေသည် :

" အ​ရေး​ပေါ်ကား​ပေါ်တက်ပြီး တစ်ချက်သွားစစ်​ဆေးကြည့်။ "

ရန်ရိစိတ်ထဲတွင် ​တွေးလိုက်မိသည်။ သူက ငါ့ကို ​စောင့်​နေတာလား ?

သည်လိုမျိုးဆိုးရွားသည့်အ​ခြေအ​နေမှာ,မှာ​တောင်​မှ ကုံးရင့်ရှန်က သူ့အ​ပေါ်နည်းနည်းက​လေး​ကောင်းပြတာကို​တောင်မှ သူခဗျာ့ ရင်ခုန်မဆဲဖြစ်​ကြောင်းကို ရန်ရိသည် ဝမ်းနည်းစွာဖြင့်သိရှိလိုက်ရသည်။ သူ ကမန်းကတန်း​ပြောလိုက်သည် :

" မင်းလည်း တစ်ချက်စစ်​ဆေးကြည့်ဦး။ "

" သွားရ​အောင်။ "

ကုံးရင့်ရှန်သည် အပြင်ဘက်သို့ ​အေး​အေး​ဆေး​ဆေး​လျှောက်သွားလိုက်သည်။

ကုံးရင့်ရှန်၏​ခြေလှမ်းအတိုင်း ရန်ရိလည်း လိုက်သွားခဲ့လိုက်သည်။ အခု သူတို့က ​ပြေလည်သွားပြီလား ဒါမှမဟုတ် စစ်​အေးတိုက်ပွဲဖြစ်​နေတုန်းလား၊ ကုံးရင့်ရှန်က သူနဲ့သူငယ်ချင်းပက်သက်မှုကို ပြန်စချင်တာလား ဒါမှမဟုတ် လုံးဝကို ထပ်ပြီး​တော့အဆက်အဆံမလုပ်ချင်​တော့တာလားဆိုတာကို သူ အလွန်တရာမှအတည်ပြုချင်​နေခဲ့သည်။ သို့​သော် သူ မ​မေးရဲ​​​ပေ။

နှစ်​ယောက်သည် အ​ရေး​ပေါ်ကားအ​ရှေ့သို့ရောက်လာခဲ့ကြသည်။ အ​ရေး​ပေါ်ကယ်ဆယ်​ရေးသမားသည် သူတို့အား တစ်လှည့်စီ ကိုယ်တွင်းအင်္ဂါများကို နား​ထောင်ကြည့်​ပေးလိုက်သည် :

" ​ဆေးရုံသွားပြီး စစ်​ဆေးမှုလုပ်လိုက်ပါ။ "

" မလို​တော့ပါဘူး။ "

ကုံးရင့်ရှန်သည် လျစ်လျူရှု့သည့်မျက်နှာနှင့်​ပြောလိုက်သည်။

" လိုတယ်။ "

ချိုးယန် ​လျှောက်လာခဲ့ပြီး၊ သူ့အား လက်ပိုက်လျက်ကြည့်ရင်း၊

" နင်က အ​ရေး​ပေါ်ကယ်ဆယ်​ရေးသမားထက် ပိုပြီး ကျွမ်း​နိုင်လို့လား ?သူများက နင့်ကို ​ဆေးရုံသွားခိုင်း​နေရင် နင်က ​ဆေးရုံသွားရမှာ​လေ၊ ကား​ပေါ်အမြန်တက်။ "

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now