[Unicode]
ကုံးရင့်ရှန်၏ ထိုနက်ရှိုင်းသည့်အကြည့်နှင့်တောင့်တင်းသည့်အမူအရာများကို ရန်ရိ မတွေ့ဖူးချေ။ အဆက်မပြတ်နီးကပ်လာသည့်ခန္ဓာကိုယ်ကလည်း သူ့အား ကြီးမားသည့်ဖိအားကိုပေးလေသည်။ မျက်စိအရှေ့ကလူသည် သူ့အား စိမ်းသက်မှုနှင့်ငြင်းပယ်မှုကို ခံစားရစေသည်။
ရန်ရိ၏ခါးက စားပွဲကို တိုက်မိသွားပြီး၊ ဆုတ်စရာလမ်းမရှိတော့သည့်အချိန်တွင် သူ့၏ဖုန်းသည် ရုတ်တရက်မြည်လာခဲ့ပြီး၊ နှစ်ယောက်အား နွံသဖွယ် အောက်သို့ဆွဲချနေသည့် ထိုလှုပ်မရရွှေ့မရလေထုအား ဖြိုဖျက်သွားတော့သည်။
ရန်ရိသည် ဖုန်းလက်ခံသည့်နေရာကို အမြန်နှိပ်လိုက်သည်။ ချိုးယန်၏အသံက တခြားတစ်ဖက်မှ မြည်လာခဲ့သည် :
" ခေါင်းဆောင်ရန်၊ ရှင် ဝင်လာလို့ရပြီ။ "
ရန်ရိသည် ကုံးရင့်ရှန်အား စိုက်ကြည့်နေခဲ့သည်။
ကုံးရင့်ရှန် မျက်နှာကိုလွှဲလိုက်ပြီး၊ စိတ်အခြေအနေကို တစ်ချက်ထိန်းညှိလိုက်သည်။ အသံကို နှိမ့်ကာပြောလိုက်သည် :
" သွားရအောင်။ "
နှစ်ယောက်သည် ရုံးခန်းမှထွက်လာခဲ့ပြီး၊ စစ်ဆေးမေးမြန်းသည့်အခန်းသို့ သွားလိုက်ကြသည်။
ချိုးယန်သည် သူတို့အား တံခါးဝအရှေ့တွင် စောင့်နေခဲ့သည်။ တွေ့လိုက်သည်နှင့်တစ်ပြိုင်နက်၊ သူမသည် ရန်ရိအား ပြောလိုက်သည် :
" ခေါင်းဆောင်ရန်၊ အထဲက အဲ့ဒီကလေးက အရမ်းဉာဏ်ကောင်းပြီး ကိုင်တွယ်ရခက်တယ်။ ရှင် ကျွန်မပြောတာကို သေချာနားထောင်ပြီးတော့ ကျွန်မပြောတဲ့အတိုင်း လုပ်ပေးပါ၊ ရမလား ?"
ရန်ရိ ခေါင်းညိတ်လိုက်သည်။
" တစ်၊ သူ ဘာပဲပြောပြော၊ ဘယ်လိုအပြုအမူပဲလုပ်လုပ်၊ ရှင် သူ့ကြောင့် လုံးဝဒေါသထွက်လို့မရဘူး၊ သူ့ရဲ့ဆွဲဆောင်သွားမှုကို ခံလို့မဖြစ်ဘူး။ ရှင်က အရမ်းတည်ငြိမ်နေရမယ်။ ရှင်က ထိန်းချုပ်သူဆိုတာကို သူ့ကို သိစေရမယ်၊ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် အရမ်းယုံကြည်မှုလွန်ကဲနေတာမျိုးတော့မဖြစ်ရဘူး။ နှစ်၊ သူ့ရဲ့မေးခွန်းကို လုံးဝ တိုက်ရိုက်မဖြေပါနဲ့၊ သူ့ကို ဘေးချိတ်ထားရမယ်။ သူ့ကို မေးခွန်းနဲ့ပြန်အလဲအထပ်လုပ်ပြီးမေးပါ။ ဒီအခြေနေကမကောင်းရင် ကျွန်မတို့ ရှင့်ကို သတိပေးလိုက်မယ်။ "
YOU ARE READING
Fight The Fire 《火焰戎装》Myanmar Translation
General FictionOriginal Author : 水千丞 (Shui Qian Cheng) Myanmar Translation of Fight the Fire 《火焰戎装》 196 Chapters + 4 Extras Disclaimer : I don't own this story and any picture that I used in this story. All credits go to author 水千丞 and original artists. I transla...