Chapter 59

3.5K 663 21
                                    

[Unicode]

“ ​ပေါင်စန်းဓါတုစက်ရုံ​ပေါက်ကွဲတဲ့အမှုနဲ့ 'ကုံး'အိမ်မီး​​လောင်တဲ့အမှု​တွေနဲ့ပက်သက်တဲ့ ရှိသမျှအ​ခြေ​​နေအကုန်လုံးက ငါ အဲ့နှစ်တုန်းက အစီရင်ခံစာထဲမှာ အကုန်​ရေးထားခဲ့တယ်။ ငါ့အခုမှတ်ဉာဏ်က အဲ့နှစ်တုန်းက အ​ရေး​ပေါ်ထွက်ခဲ့တဲ့အစီရင်ခံစာထက် ပိုပြီး​စေ့စပ်​​မသေချာနိုင်​လောက်ဘူး။ ”

ရန်ရှန့်ရုန်သည် ရန်ရိကို အရင်ဆုံးစကားခံထားလိုက်သည်။

“ မင်းကို ဘယ်​လောက်အကူအညီဖြစ်နိုင်မလဲဆိုတာ​ကိုတော့ ငါလည်း မသိဘူး။ ”

“ ကျွန်​တော် သိပါတယ်။ အ​ရေး​ပေါ်ထွက်ခဲ့တဲ့အစီရင်ခံစာ​တွေအကုန်လုံးကို ကျွန်​တော်ကြည့်ပြီးပြီ။ ကျွန်​တော်က အစီရင်ခံစာထဲမှာ မပါတဲ့တစ်ချို့ကိုပဲ ​မေးမှာပါ။ ဥပမာဆိုရင် ဒီ​​ပေါက်ကွဲတဲ့အမှုဖြစ်တာက လူ​ကြောင့် ဖြစ်နိုင်​ချေရှိမရှိဆို​တာ​ပေါ့ ?”

ရန်ရိက ​မေးလိုက်သည်။

ရန်ရှန့်ရုန်သည် ​ခေါင်းခါလျက် :

“ မ​တော်တဆဖြစ်ရတဲ့အ​ကြောင်းရင်းက Vinyl acetate ​ပေါက်ကွဲလို့။ ​ပေါက်ကွဲပြီး​မီးထ​လောင်​တော့ တခြားဓါတုပစ္စည်း​တွေကိုပါ မီးကူသွားပြီး​ ဆင့်ကဲဆင့်ကဲ​ပေါက်ကွဲမှု​တွေဖြစ်ကုန်တာ။ ပြီး​တော့ vinyl acetate ​ပေါက်ကွဲရတဲ့အ​ကြောင်းရင်းက၊ စုံစမ်းစစ်​ဆေးတာရဲ့သက်​သေအရဆိုရင် အလုပ်သမားက ဓါတုပစ္စည်းကို ဓါတ်​ပေါင်းဖိုထဲ​ကိုပြောင်း​တဲ့အချိန်မှာ ပလတ်စတစ်ပိုက်ကိုပွတ်မိသွားပြီး တည်ငြိမ်လျှပ်စစ်ဖြစ်သွားတာ​ကြောင့် တည်ငြိမ်လျှပ်စစ်ရဲ့လျှပ်စစ်မီးပွားက ဓါတုပစ္စည်းရဲ့အ​ငွေ့ပျံ​နေတဲ့ဂက်(စ်)ကို မီးစွဲသွားတာ။ ဒါ​ပေမဲ့၊ ဒါ​တွေအကုန်လုံးက မ​တော်တဆဖြစ်ပြီး​နောက်ပိုင်းမှာကျန်ခဲ့တဲ့ အမျိုးမျိုး​သောပစ္စည်းသက်​သေ​တွေက​နေ ဆုံးဖြတ်ထားတာ။ လက်​တွေ့မှာ​တော့ ဂို​ဒေါင်တစ်ခုလုံးက ပြိုကျနေခဲ့တာ။ အလုပ်သမားနဲ့နည်းပညာသမား​နှစ်ဆယ်က အခင်း​နေရာမှာ​တင်သေသွားခဲ့ကြတာ။ မ​ပေါက်ကွဲခင်က တကယ်တမ်းဘာဖြစ်ခဲ့လဲတာက​တော့…… ”

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now