Chapter 124

5K 812 58
                                    

[Unicode]

နှစ်သစ်ကူးအကြို​နေ့တွင် ရန်ရိသည် တပ်ဖွဲ့ကိစ္စများကို ​သေချာစီမံခဲ့ပြီး၊ ​ဆေးရုံသို့ကားစီးသွားကာ သူ့အ​ဖေကို သွားကြို​တော့သည်။

​ဆေးရုံသို့ရောက်​သော်၊ ဧည့်ကြို​ကောင်တာတွင် လာရင်းကိစ္စကို​ပြောပြပြီး လူနာအခန်းသို့ တန်းသွားလိုက်​တော့သည်။ သူ အကြိမ်​ပေါင်းများစွာလာဖူးသဖြင့် အ​စောကြီးကတည်းက အလွန်ရင်းနှီး​နေပြီဖြစ်သည်။

လမ်းတစ်ဝက်သို့​ရောက်​သော်၊ သူသည် လူတစ်​ယောက်နှင့် ရုတ်တရက်ဆုံမိ​လေသည်။ ယခင်အ​ခေါက်​တွေတုန်းက သူ့အား အကြိမ်​ပေါင်းများစွာကြိုဆိုခဲ့ဖူးသည့် ​ဒေါက်တာဖန် ပင်။

" ခေါင်း​ဆောင်ရန် ?"

ဒေါက်တာဖန်ကို ကြည့်ရသည်မှာ အနည်းငယ်အလျင်လို​နေသည့်ပုံပင်၊

" ခင်ဗျား ဖုန်းထဲမှာ​ပြောတုန်းက ​လေး-ငါးနာရီ​လောက်မှ​ရောက်နိုင်မယ်လို့ ​ပြောထားတာမဟုတ်ဘူးလား ?"

" ဪ၊ ကျွန်​တော် အလုပ်​စော​စောပြီးသွားလို့ ​စော​စောလာခဲ့လိုက်တာ။ ​နောက်ကျသွားရင် ကားပိတ်မှာ​ကြောက်လို့​လေ။ "

" ခင်ဗျား ခဏ​လောက်အရင်ထိုင်နှင့်လိုက်ပါလား။ သူနာပြုက ​ခေါင်း​​ဆောင်ဟောင်းကို သန့်စင်​ပေး​နေတုန်း​နေမယ်။ "

" ​နေ့ခင်းကြီးကို ?"

" ဟုတ်မယ်ထင်တယ်။ "

​ဒေါက်တာဖန်သည် နာရီကိုကြည့်လိုက်ပြီး၊

" ခင်ဗျား ခဏ​လောက်ထိုင်​နေလိုက်ရင်ရပါပြီ။ "

" ​ကောင်းပါပြီ၊ ဒါဆို ကျွန်​တော် သန့်စင်ခန်း အရင်သွားလိုက်ပါဦးမယ်။ "

" စင်္ကြံအဆုံးမှာ ဘယ်​ကွေ့လိုက်ရင်ရပါပြီ။ "

ရန်ရိ သန့်စင်ခန်းကို အသုံးပြုပြီး​သော်၊ တံခါးကို တွန်းပြီး ထွက်လာခဲ့​တော့သည်။

စင်္ကြအဆုံးတွင် ပြတင်း​ပေါက်တစ်​ပေါက်ရှိ​၏။ ပြတင်း​ပေါက်​အောက်ဖက်သည် ကားပါကင်ဖြစ်သည်။ ရန်ရိ ပြတင်း​ပေါက်ကိုဖြတ်သွားသည့်အချိန်တွင် ဤ​နေရာမှ​နေ၍ မိမိ၏ကားအား မြင်နိုင်မမြင်နိုင်ကို အလွန်သ​ဘောရှိစွာဖြင့် ကြည့်ကြည့်ချင်ခဲ့မိသည်။ သို့သော် ကားပါကင်ကို ဖြတ်သွား​​နေဆဲဖြစ်သည့်​နောက်​ကျောပုံရိပ်တစ်ခုက သူ့၏အာရုံစိုက်မှုကို ဆွဲ​ဆောင်သွား​​လေတော့သည်။ ထို​နောက်​ကျောကို ကြည့်ရသည်မှာ တကယ်ကို နည်းနည်း​လေးရင်းနှီး​နေသည့်ပုံပင်။

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now