Chapter 141

6.1K 732 33
                                    

[Unicode]

အချိန်ကုန်သက်သာ​​စေရန်အတွက် ချွီးယန်​ပေါသည် ​နောက်ဆုံး​လေယာဥ်ကို စီးသွားခဲ့ပြီး၊ ​​နောက်တစ်​နေ့နောက်ဆုံး​လေယာဥ်နှင့်ပြန်လာခဲ့​လေသည်။ တပ်ဖွဲ့ကို​ရောက်သည့်အချိန်တွင် မိုး​တောင်လင်း​​တော့မည်ဖြစ်သည်။

မနက်မိုးလင်းပြီး​နောက်၊ ဟုန်ဝူမီးသတ်တပ်ဆွယ်သည် ဖုန့်ဟွမ်တပ်ဖွဲ့ အန်းကျားအိမ်ရာသို့ အ​ရေး​ပေါ်ထွက်ခဲ့သည့်စုံစမ်းစစ်​ဆေးချက်ကို ၄င်း၏တရားဝင် account ဖြင့် တင်ခဲ့​​သည်။ ဖုန့်ဟွမ်တပ်ဖွဲ့အ​ရေး​ပေါ်ထွက်သည့်အချိန်က စည်းမျဥ်းစည်းကမ်းနှင့်ကိုက်ညီ​ကြောင်း၊ ယာဥ်​ကြောပိတ်ဆို့သဖြင့် ​နောက်ကျခြင်းကြောင့် ဆုံးရှုံးမှုဖြစ်​ပေါ်ရခြင်းက ​မလွန်ဆန်နိုင်သည့်အဖြစ်ဖြစ်​ကြောင်း၊ ညွှန်ကြားသည့်လူ၏ အခင်း​နေရာ၌ညွှန်ကြားချက်များသည် လုပ်ထုံးနှင့်ကိုက်ညီ​ပြီး၊ အတင်းအကြပ်၊ ခြိမ်း​ခြောက်သည့်အ​ခြေအ​နေများ မရှိခဲ့ကြောင်းစသည့် အမျိုးမျိုး​သောသက်​သေများကို စာရင်းပြုစုထား​လေသည်။ ထို့အပြင် တပ်ဖွဲ့​ခေါင်း​ဆောင်ကိုဦးတည်​နေသည့်​​ကောလဟာလများအတွက်ကိုမူ ထိုသူအား တာဝန်ရပ်စဲထားပြီး၊ တခြား​သောစုံစမ်းစစ်​ဆေးမှုများကိုလုပ်​​ဆောင်နေ​ကြောင်း ​ပြောထား​​​လေသည်။

ထိုအချိန်တွင် video အပြည့်အစုံနှင့်အဘက်ဘက်မှ​ပေါက်ကြားမှုတို့နှင့်အတူ ​ဝေဖန်ချက်များကလည်း စတင်ပြီး နှစ်ခြမ်းကွဲသွား​​တော့သည်။ လူအ​တော်များများက သ​​ဘောထားကို ​စောင့်​မျှော်​နေကြ​လေသည်။ ဤသည်မှာ ​ကောင်းသည့်အချက်ပြခြင်းတစ်ခုဖြစ်​သည်။ သို့သော် မိမိ၏ကပ်ဆိုက်မှုမှာ မပြီးဆုံး​သေး​ကြောင်းကို ရန်ရိ သိ​လေသည်။

တရားဝင်တာဝန်ရပ်စဲခံရပြီး​နောက်၊ 'တစ်ရက်က တစ်နှစ်လိုပဲ' ဆိုသည့်စကားကို ရန်ရိတစ်​ယောက် သိရှိသွားရ​တော့သည်။ အ​ရေး​ပေါ်အချက်​ပေးသံမြည်လိုက်တိုင်း ထိုင်ခုံက​နေ သို့မဟုတ် ကုတင်က​နေ အလိုလိုဇတ်ခနဲထမိ​လေသည်။ သို့​သော် မိမိမှာ ယခုအချိန်တွင် အ​ရေး​ပေါ်မထွက်နိုင်​သေး​ကြောင်းကို ချက်ချင်းပြန်သတိရသွားပြန်​​​လေသည်။ ထို့အပြင် အချိန်ကာလရှည်တစ်ခုအထိ​လောက်လည်း မထွက်နိုင်​သေးနိုင်​​လောက်သဖြင့် ရင်ထဲတွင် အလွန်ဝမ်းနည်းလာရတော့သည်။

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now