Chapter 51

4.1K 716 37
                                    

[Unicode]

ရန်ရိသည် မိမိ၏လက်​မောင်းကို အသာ​လေးလိမ်လိုက်ပြီး၊ ကိုယ်ကိုလှည့်လာခဲ့သည် :

“ ဟမ် ?”

“ မင်း ငါ့ကို တက်လာခိုင်းတာ ဒီအတွက်မဟုတ်ဘူးလား ?”

ကုံးရင့်ရှန်သည် လက်ကို ရင်ဘတ်အ​ရှေ့တွင် ပိုက်ထားလျက်ဖြင့်၊

“ မင်း​တစ်​ယောက်ထဲ ဘယ်လိုချိုးမလဲ ?”

“ အယ့်၊ ငါ …… ”

ရန်ရိသည် ထိုမြင်ကွင်းကို တစ်ချက်ပုံ​ဖော်ကြည့်လိုက်ပြီး၊ မိမိမှာ အ​တွေးမှား​နေတာမဟုတ်နိုင်​ကြောင်း ထင်လိုက်သည်။ သို့​သော်၊ ကုံးရင့်ရှန်နှင့် နီးကပ်စွာထိ​တွေ့နိုင်မည့်အခွင့်အ​ရေးကို သူ့အား လက်​လျှော့​ခိုင်းလိုက်မည်ဆိုလျှင်လည်း၊ သူ့မှာ ယူကျုံးမရဖြစ်​နေပြန်သည်။ သူ ခဏမျှ​တွေ​ဝေ​နေခဲ့ပြီး၊

“ မင်း ငါညစ်ပတ်​နေတာကို မရွံဘူးလား ?”

“ ရွံတယ်။ ”

ကုံးရင့်ရှန်သည် ​တွေ​ဝေခြင်းမရှိ​ပြောလိုက်သည်၊

“ ငါ မင်းကို ​ရေပန်းကိုင်​ပေးထားပြီး​တော့၊ မင်းရဲ့အနာကို မထိမိအောင် ကြည့်ပေးမယ်၊ ​နောက်ပြီး မင်းဘာ့သာချိုး။ ”

သူ ရပ်သွားခဲ့သည်၊ ခက်ခဲသည့်အလုပ်ကိုလုပ်​နေရသည့်ပုံစံမျိုးပင်။

“ လည်ပင်းနားက​တော့ ငါ မင်းကို ကူသုတ်​ပေးလို့ရပါတယ်။ ”

“ ထား……ထားလိုက်ပါတော့။ ”

ရန်ရိသည် ​ခြောက်ကပ်စွာရယ်ပြီး​ ပြောလိုက်သည်၊

“ ကိုယ်တုံးလုံးတီးကြီးနဲ့ ဘယ်​လောက်​တောင် ရှက်ဖို့​ကောင်းလိုက်မလဲ။ ”

ကုံးရင့်ရှန်သည် မျက်​ခုံးပင့်လိုက်ပြီး :

“ မင်းလို မီးသတ်သမားတစ်​ယောက်က အများသုံး​ရေချိုးကန်မှာ မချိုးဖူးဘူးလား ?”

ရန်ရိတစ်​ယောက် ​ပြောစရာစကားမဲ့သွားရသည်။ ရှေ့နှစ်နှစ်က၊ သူ တပ်ဖွဲ့​ခေါင်း​ဆောင်အဖြစ်ရာထူးတက်မှ သီးသန့်​ရေချိုးခန်းရှိလာခြင်း ဖြစ်သည်။

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now