Chapter 53

3.6K 678 33
                                    

[Unicode]

ရန်ရိသည် စိတ်မရှည့်​တော့သည့်ပုံစံလုပ်လိုက်ပြီး :

“ တစ်​နေ့လုံး အလုပ်များထားတာ၊ ဒီအချိန်​တောင် ရှိနေပြီ။ ရင့်ရှန်၊ ဒီ​နေရာမှာ အချိန်ဖြုန်းမ​နေနဲ့​တော့။ မနက်ဖြန် သုံး​-လေးအိမ်​​လောက်ကို ​မေးရဦးမှာမလား။ ”

ကုံးရင့်ရှန်သည် သ​ဘော​ပေါက်သည့်အကြည့်နှင့်၊ ရန်ရိအား ပြန်ကြည့်လိုက်ပြီး၊ ​ခေါင်းတငြိမ်ငြိမ့်ဖြင့်၊ :

“ ဟုတ်သားပဲ။ ”

သူ notebook ကို ပိတ်လိုက်ပြီး၊

“ မဒမ်ပိုင်၊ ဒီ​နေ့ ခင်ဗျားကို အလုပ်ရှုပ်​စေမိပြီ။ ​ကျေးဇူးပြုပြီး ပြန်လိုက်ပါ​တော့။ ”

မဒမ်ပိုင်သည် ​ခေါင်း​မော့လာပြီး၊ နှစ်​ယောက်သား မတ်တပ်ထလိုက်သည်ကို အံ့အားသင့်စွာဖြင့် ကြည့်​နေခဲ့သည်။

ရန်ရိသည် ​ကျောခိုင်းလိုက်ပြီး၊ ကုံးရင့်ရှန်အား အသံတိုးတိုး​လေးနှင့် ​ပြောလိုက်သည် :

“ 2207 က လူငယ်တဲ့၊ ​သူ့ကို မျှော်လင့်ချက်ထားရမယ်။ ​သေချာ​ပေါက် သူ့ထက်အရင် ပါးစပ်ဟမှာပဲ။ ”

ကုံးရင့်ရှန်သည် အ​လေးအနက်ထားကာ​ ခေါင်းညိတ်ပြလိုက်ပြီး၊ သွား​တော့မည့်ဟန်လုပ်လိုက်သည်။

“ ခ၊ ခဏ​နေဦး။ ”

မဒမ်ပိုင် အော်​ပြောလိုက်သည်၊

“ ရှင်တို့ ကျွန်မကို ဒီ​လောက်အကြာကြီး​စောင့်ခိုင်းထားတာကြီးကို၊ ဒီလိုပဲ သွား​ပြီလား ?”

“ မဒမ်ပိုင်၊ ခင်ဗျားက ဘာမှ,မှမ​​ပြော​ချင်တာ၊ နှစ်ဦးနှစ်ဖက်ရဲ့အချိန်​တွေကို ဖြုန်း​နေသလိုပဲဖြစ်မှာ​ပေါ့။ အချိန်လည်း မ​စော​တော့ဘူးဆို​တော့၊ ပြန်လိုက်ကြတာပေါ့။ ”

“ ​နေဦး !”

မဒမ်ပိုင်သည် တွန့်ဆုတ်ကာ​ပြောလာသည်၊

“ တကယ်လို့ ကျွန်မက ကျွန်မသိထားတာ​တွေအကုန် ရှင့်ကို​ ပြောပြမယ်ဆိုရင်၊ ကျွန်မကို……ပြစ်ဒဏ်မသတ်မှတ်ဘူးမလား ?”

“ အဲ့တာက ခင်ဗျား အပြစ်ကို ဘယ်​လောက်အ​ခြေ​နေအထိကျူးလွန်ခဲ့လဲဆိုတာကို ကြည့်ရမှာပဲ။ ”

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now