Chapter 34

4.4K 783 61
                                    

[Unicode]

" ​ခြေ​ထောက်ဖြတ်ရမယ် " ဆိုသည်ကို ကြားလိုက်ရသည်နှင့်၊ မူလကဆူညံ​နေသည့်​အခင်းနေရာသည် တစ်ခဏတွင်းတိတ်ဆိတ်သွား​ပြီး ရှိသမျှလူအကုန်လုံးသည် အံ့အားသင့်သွားရသည်။

ပိမိ​နေသည့်ဒဏ်ရာရသူမှာ ​ဦးခေါင်း၊ ခန္ဓာကိုယ်စသည့် ​သေ​စေနိုင်​လောက်သည့်ကိုယ်တွင်းအင်္ဂါများကို မထိခိုက်ထား​ပေ။ ထို့​ကြောင့် သတိရှိ​နေ​သေး​ပေသည်။ ​ကောင်းကယ်၏စကားကို သူကြားလိုက်​သောအခါ၊ စိတ်လှုပ်ရှားစွာနှင့်ကုန်းရုန်းထလာခဲ့သည် :

" မ......မဖြစ်ဘူး...... "

ရှစ်လ်​ရှောင်ခြမ့်သည် ​ရှောင်ဝမ့်အား ထိန်းထားပြီး :

" ခင်ဗျား ​ကျေးဇူးပြုပြီး မလှုပ်ပါနဲ့။ "

" မ......​​ခြေထောက်မဖြတ်ပါနဲ့......"

​ရှောင်ဝမ့်သည် ​ကြောက်ရွံ့စွာဖြင့်​အော်​လေသည်၊

" ကျွန်​တော် ​ခြေ​ထောက်မရှိလို့ မဖြစ်ဘူး......"

ရန်ရိသည် ​ရှောင်ဝမ့်​ဘေးတွင် ​ဆောင့်​ကြောင့်ထိုင်လိုက်ပြီး၊ မျက်နှာ​ပေါ်က ​သွေးနှင့်မျက်ရည်များ​ရောယှက်​နေသည်ကို ကြည့်​နေခဲ့သည်။ ရှုံ့တွ​နေသည့်မျက်နှာ​ပေါ်တွင် စိတ်အားငယ်ခြင်းများကို ​အပြည့်​ရေးသားထား​လေသည်။ သူသည် ​ရှောင်ဝမ့်၏ပခုံးကို ဖိလိုက်ပြီး တိုးတိုး​လေ​ပြော​လေသည် :

" ဟုန်ဝူ​ဆေးရုံကခွဲစိတ်ဆရာဝန်က လာ​နေတဲ့လမ်းမှာ၊ သူ့ကို ​နောက်ဆုံးဆုံးဖြတ်ချက်ချခိုင်းလိုက်ပါ။ "

​ရှောင်ဝမ့်သည် ရန်ရိ၏အင်္ကျီလက်ကို ဖမ်းဆုပ်လိုက်ပြီး၊ အက်ကွဲနေသည့်အသံနှင့်​ပြော​လေသည် :

" ကျွန်​တော့်​ခြေ​ထောက်ကို မဖြတ်ပါနဲ့။ ကျွန်​တော် ကျွန်​တော် အခုမှ 20ပဲရှိ​သေးတာ။ ကျွန်​​တော် ​ခြေ​ထောက်မရှိလို့ မဖြစ်ဘူး......​တောင်းပန်ပါတယ် ကျွန်​တော့်ကို ကယ်ပါဦးဗျာ......ကျွန်​တော်ကို ကယ်ပါဦးဗျာ...... "

နားထင်များ နာကျင်လာပြီး၊ နှာ​ခေါင်းပါ ကျဥ်တက်လာသည်ဟု ရန်ရိခံစားရသည်။ သူသည် နစ်ဝင်​နေသည့်အသံနှင့်​ပြောလိုက်သည် :

Fight The Fire 《火焰戎装》Myanmar TranslationOù les histoires vivent. Découvrez maintenant