[Unicode]
ရုံးခန်းတံခါးကို ပိတ်လိုက်ပြီး၊ ရန်ရိသည် ခွေးခြေကိုလက်ညှိုးထိုးပြလိုက်သည် :
" ထိုင်။ "
နှစ်ယောက်သည် အလုပ်စားပွဲအရှေ့တွင် မျက်နှာချင်းဆိုင်ထိုင်လိုက်ကြပြီး၊ ရန်ရိသည် လီဆာ့အားကြည့်နေခဲ့သည်။
လီဆာ့၏အကျင့်စရိုက်သည် ပွင့်လင်းကာ လက်သင့်မခံနိုင်စရာမရှိဘဲ၊ ယောကျ်ားလေးစိတ်အနည်းငယ်ရှိပေသည်။ တစ်ဦးတည်းသောမိန်းကလေးတစ်ယောက်အနေဖြင့် တပ်ဖွဲ့ထဲသို့ဝင်လာခြင်းကလည်း ဘာသိသာသည့်အနှောင့်အယှက်ကိုမှ မကြုံခဲ့ဖူးချေ။ ဤတစ်ချက်သည် အစောပိုင်းတုန်းက စိတ်ပူပြီးသံသယဖြစ်ခဲ့သည့်ရန်ရိအား မနည်းဘူးစိတ်သက်သာရာရစေခဲ့လေသည်။
သို့သော် သည်တစ်ဖြစ်ပျက်ခဲ့သည့်ကိစ္စမှာ သူမအပေါ်သက်ရောက်မှုက မသေးမည်ကို စိုးရိမ်မိသည်။
ရန်ရိပါးစပ်ပင်မဟရသေး၊ လီဆာ့သည် အရင်ဦးအောင်ပြောလိုက်သည် :
" ခေါင်းဆောင်ရန်၊ နည်းပြ ကျွန်မကို ခေါ်ပြောပြီးပါပြီ။ ကျွန်မလည်း စိတ်ဖြေပြီးပါပြီ။ တကယ်တော့ အဲ့လောက်ကြီးပုံကြီးချဲ့နေစရာမလိုပါဘူး။ ကျွန်မ ဘာမှမဖြစ်ပါဘူး။ "
" မင်းတို့ရဲ့ စိတ်ရောကိုယ်ပါကျန်းမာရေးကို ဂရုစိုက်ပေးရမှာက ငါတို့ရဲ့တာဝန်။ ဘာ ' ပုံကြီးချဲ့စရာ ' ရှိတယ်လို့မှ ငါမထင်ပါဘူး။ အဲ့တုန်းကအခြေအနေက မင်းကို သွားပြီးစွန့်စားခိုင်းဖို့မသင့်တော်ဘူး။နောက်ပိုင်းဖြစ်ခဲ့တဲ့ကိစ္စကလည်း ငါနဲ့နည်းပြကို မင်းအတွက်ကိုအရမ်းစိတ်ပူမိစေတယ်။ "
ရန်ရိသည် လီဆာ့အားကြည့်ရင်း၊
" လူတွေအကုန်လုံး မင်းရဲ့အခြေအနေကမကောင်းဘူးဆိုတာကို သိတယ်။ မင်း ' ဘာမှမဖြစ်ပါဘူး ' ဆိုတဲ့စကားတစ်ခွန်းနဲ့ ငါ့ကိုဝတ်ကျေတမ်းကျေပြောတာမျိုးကို ငါမလိုချင်ဘူး။ "
လီဆာ့သည် ခေါင်းကိုငုံ့ထားပြီး၊ မိမိ၏လက်ချောင်းများကို ဟိုလုပ်ဒီလုပ်လုပ်နေကာ၊ စကားမပြောချေ။
YOU ARE READING
Fight The Fire 《火焰戎装》Myanmar Translation
General FictionOriginal Author : 水千丞 (Shui Qian Cheng) Myanmar Translation of Fight the Fire 《火焰戎装》 196 Chapters + 4 Extras Disclaimer : I don't own this story and any picture that I used in this story. All credits go to author 水千丞 and original artists. I transla...