Chapter 138

5.5K 785 38
                                    

[Unicode]

ချွီးယန်​ပေါက သက်ပြင်းချလိုက်ပြီး :

“ ဒီကိစ္စက ပြန့်တာအရမ်းမြန်လွန်းတယ်။ မ​နေ့ညက တက်လာတယ်၊ ဒီ​နေ့ကျ​ အရမ်းပြင်းထန်တဲ့​ပြောဆိုမှု​တွေက လိုင်း​ပေါ်မှာဖြစ်​နေပြီ။ အထက်က သတိထားမိသွားပြီမလို့ စုံစမ်းစစ်​ဆေး​ရေးအဖွဲ့ကိုလွှတ်ဖို့ ဆုံးဖြတ်လိုက်ပြီ။ ”

ရန်ရိမှာ တစ်ခဏမျှတိတ်ဆိတ်သွား​တော့သည် :

“ ဒါ​တွေအားလုံးက အဲ့ဒီမိသားစုဝင်​အမျိုးသားလုပ်တာ ?”

“ သိပ်မတူဘူး။ ”

ချွီးယန်​ပေါက ရှင်းပြ​လေသည်၊

“ သတင်းရဲ့ဇစ်မြစ်ကို ငါ ဖုခိုင်ကို အစတုန်းကတည်းက စုံစမ်းထားခိုင်းပြီးပြီ။ အစတုန်းကတော့ သူတစ်​ယောက်တည်း လိုင်း​ပေါ်မှာ ​​ပြောဆိုနေတာ။ ​နောက်​ကျတော့ အင်တာနက်အသုံးပြုသူတချို့က comment ​တွေဝင်​ပေးကြတယ်၊ ​နောက်တော့ media ​တွေ။ မ​နေ့ကတုန်းက​တော့ ပုံမှန်ချိန် social media ​ပေါ်မှာ သတင်းပြန့်​တဲ့နှုန်းပဲ။ ဒါ​ပေမဲ့ ဒီ​နေ့ကစပြီး​တော့ ပုံမှန်မဟုတ်​တော့ဘူး။ တစ်​ယောက်​ယောက်က နည်းလမ်းတချို့က​နေပြီး​တော့ ဒီကိစ္စရဲ့ပွတဲ့နှုန်းကို မြှင့်​နေပြီး​၊ အင်တာနက်အသုံးပြုသူ​​တွေကြားအ​ပြောများတဲ့အ​ခြေအနေ​ကို ဦးတည်​နေတာ။ ”

“ ……ဒါက ဇနီးသည်ဆုံးသွားတာမကြာ​သေးတဲ့ ​ယောကျာ်းတစ်​ယောက်လုပ်နိုင်တာနဲ့ မတူဘူး။ ”

“ အမှန်ပဲ၊ သူ​ပြောတယ်ဆိုတာကလည်း ​ဒေါသထွက်​ပေါက်ရှာဖို့အတွက်​ပဲရယ်။ မိသားစုကို သူ နှစ်သိမ့်ရမယ်၊ ​နောက်ဆက်တွဲကိစ္စ​တွေကို ​ဖြေရှင်းရမယ်၊ ​ဒေါသထွက်​ပေါက်ရှာဖို့ထက် ပိုအ​ရေးကြီးတဲ့ကိစ္စ​တွေ ရှိတယ်။ အဲ့တာကြောင့် ဒီဟာက တခြားဖုံးကွယ်ထားတဲ့ရည်ရွယ်ချက်ရှိတဲ့လူက လုပ်တာပဲ။ ”

ရန်ရိ စကား​ပြောမယ်ကြံရုံရှိ​သေးသည်၊ ဖုန်းက မြည်လာ​တော့သည်။ ကုံးရင့်ရှန်ဆက်လာတာလို့ သူ အာရုံရ​နေခဲ့သည်။ ထုတ်ကြည့်လိုက်​သောအခါ တကယ်ကြီးဖြစ်​နေခဲ့​လေသည်။

ဖုန်းကိုင်လိုက်သည်နှင့်၊ ကုံးရင့်ရှန်က တည့်​ပြောလာ​လေသည် :

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now