[Unicode]
တစ်လနီးပါး ပေါ်မလာသည့် ကုံးဖေးလန်သည်၊ စခန်းသို့ အကြောင်းကြားခြင်းမရှိဘဲ ထပ်ပြီး ရောက်လာခဲ့လေသည်။
သူမ ရောက်လာသည့်အချိန်သည် အချိန်ကိုက်ဖြစ်ပေသည်။ သူတို့ မနက်ခင်းလေ့ကျင့်ရေးပြီးဆုံး၍၊ နေ့လည်စာစားချိန်အရှေ့ရှိ ကိုယ်ပိုင်လွတ်လပ်ချိန် ဖြစ်ပေသည်။ သူမသည် တပ်ဖွဲ့၏ နေ့စဉ်အချိန်ဇယားကို ရင်းနှီးနေကြောင်း သိသာပေသည်။
စခန်းရှိ တပ်သားအကုန်လုံးသည် သူမကို သိကြသည်။ သူမကို မြင်လိုက်သည်နှင့် စနောက်ကာ ပြောလာကြသည် :
" ညီမလေးဖေးလန်၊ မလာတာတောင် ကြာရောပေါ့။ နွေရာသီသင်တန်းက အိမ်စာတွေ ရေးမပြီးလို့များလား ?"
ကုံးဖေးလန်သည် ချောင်းအသာဟန့်လိုက်ပြီး :
" အစောကြီးထဲက ရေးပြီးသွားပြီ။ "
ရန်ရိသည် သူမ၏ ခေါင်းကို ပုတ်လိုက်ပြီး :
" မင်း ဒီကိုလာတာ မင်းအစ်ကို သိရဲ့လား ?"
" သူက ကျွန်မရဲ့ အုပ်ထိန်းသူမှ မဟုတ်တာ။ သူက ဘာလို့ သိရမှာလဲ။ "
" ဒါဆို ငါ သူ့ကို ပြောပြရမယ်။ "
ရန်ရိသည် ဖုန်းကို ထုတ်လိုက်သည်။
" သူ သိတယ်လို့!"
ကုံးဖေးလန်သည် အလျင်စလို ပြောလာသည်၊
" ကျွန်မ ခုနကမှ သူ့အိမ်ကနေလာတာ။ "
" အမ် ?သူ မင်းကို မတားဘူးလား ?"
" ကျွန်မ ရှင်တို့အတွက် စားကောင်းတာတွေ အများကြီး ယူလာခဲ့တယ်။ "
ကုံးဖေးလန်သည် ရန်ရိ၏အမေးကို မကြားချင်ယောင်ဆောင်လိုက်ပြီး၊ လက်ထဲက အိတ်အကုန်လုံးကို စားပွဲပေါ်သို့ တင်လိုက်သည်။
ရန်ရိသည် အခက်တွေ့စွာဖြင့် ပြောလေသည် :
" ဖေးလန်၊ ပစ္စည်းတွေ ယူမလာပါနဲ့လို့ ငါ အခေါက်ပေါင်းများစွာ ပြောထားတာကြီးကို။ "
" စားစရာလေးပဲဟာ။ ဘယ်လောက်မှမှမကုန်ဘဲ။ နောက်ပြီးတော့၊ ဒါက ကျွန်မ ယူလာခဲ့တာတွေ မဟုတ်ဘူး။ "
YOU ARE READING
Fight The Fire 《火焰戎装》Myanmar Translation
General FictionOriginal Author : 水千丞 (Shui Qian Cheng) Myanmar Translation of Fight the Fire 《火焰戎装》 196 Chapters + 4 Extras Disclaimer : I don't own this story and any picture that I used in this story. All credits go to author 水千丞 and original artists. I transla...