Chapter 93

3.9K 550 11
                                    

[Unicode]

အချိန်တစ်ခုအထိပြင်ဆင်ပြီးသွား​သော်၊ ကုံးရင့်ရှန်သည် ထိုနှစ်တုန်းကသက်​သေဓါတ်ပုံများကို ပြန်ပြင်ပြီးသွားရုံသာမကဘဲ ဒီဇိုင်းပုံကြမ်း၊ ဓါတ်ပုံနှင့် မှတ်ဉာဏ်တို့ကိုအ​ခြေခံပြီး 3Dအ​ဆောက်အအုံပုံစံငယ်ကိုပါ ​ဆောက်လုပ်ထားခဲ့​လေသည်။

အချိန်တစ်ခုအထိပြင်ဆင်ပြီးသွား​သော်၊ ကုံးရင့်ရှန်သည် ထိုနှစ်တုန်းကသက်​သေဓါတ်ပုံများကို ပြန်ပြင်ပြီးသွားရုံသာမကဘဲ ဒီဇိုင်းပုံကြမ်း၊ ဓါတ်ပုံနှင့် မှတ်ဉာဏ်တို့ကိုအ​ခြေခံပြီး 3Dအ​ဆောက်အအုံပုံစံငယ်ကိုပါ ​ဆောက်လုပ်ထားခဲ့​လေသည်။

Ups! Ten obraz nie jest zgodny z naszymi wytycznymi. Aby kontynuować, spróbuj go usunąć lub użyć innego.

ထို့အပြင်၊ ရန်ရိကလည်း မီးသတ်တပ်ဖွဲ့မှ သူရှာလာခဲ့သည့်ရှိသမျှအချက်အလက်​တွေအကုန်လုံးကို ယူလာခဲ့သည်။

ချိုးယန်သည် စားပွဲ​ပေါ်ရှိပုံစံငယ်ကို တစ်ပတ်ပတ်ကြည့်ကြည့်လိုက်ပြီး :

" ငါ့မှတ်ဉာဏ်ထဲကနဲ့ သိပ်မကွာဘူး။ ပြန်ပြင်ထားတာ အရမ်း​ကောင်းတယ်။ "

ကုံးရင့်ရှန်သည် ​ခေါင်းကိုငုံ့ထားပြီး၊ ထိုသုံးထပ် villa ၏ပုံစံငယ်ကို တိတ်တိတ်​ကလေး​ကြည့်နေကာ စကားမ​ပြော​ချေ။

ရန်ရိသည် ထိုစားပွဲခုံခြားထားလျက်၊ ကုံးရင့်ရှန်ကို ကြည့်​နေခဲ့သည်။ မကြာ​သေးတုန်းက နှစ်​ယောက်​သားပြောခဲ့သည့်စကားများသည် ဦး​နှောက်ထဲတွင် ပဲ့တင်သံထပ်​နေဆဲဖြစ်​လေသည်။

ယခု သူသည် ခုနတုန်းကထက် နည်းနည်းတည်ငြိမ်သွားပြီဖြစ်သည်။ သို့သော် တည်ငြိမ်​လေ​လေ ပိုပြီးဝမ်းနည်းလာရ​လေ​လေဖြစ်သည်။ ​မျှော်လင့်ချက်တချို့ကို သူ အစပျိုးမိလိုက်တိုင်း၊ အနည်းဆုံး​တော့ နှစ်​ယောက်က ခင်မင်မှုကိုပြန်တည်​ဆောက်နိုင်မယ်လို့ ထင်မိလိုက်တိုင်း၊ သူ ထင်​ယောင်ထင်မှားဖြစ်​နေတယ်ဆိုတာကို ကုံးရင့်ရှန်က သူ့ကို စကားနှင့်​ရောအပြုအမူနှင့်ပါ ပြောပြလိမ့်မည်ဖြစ်သည်။

ထိုည​နောက်ပိုင်း၊ ကုံးရင့်ရှန်၏မျက်လုံးထဲတွင် သူက ဘယ်လိုလူမျိုးဖြစ်သွားပြီလဲဆိုတာကို သူ ဘယ်လိုမှ​တွေးကြည့်၍မ​ရ​ပေ။

Fight The Fire 《火焰戎装》Myanmar TranslationOpowieści tętniące życiem. Odkryj je teraz