[Unicode]
ရန်ရိသည် လေထုအခြေအနေကိုပြေလျော့စေရန်အတွက် အားတင်းကာပြုံးပြလိုက်ပြီး :
“ ဒါဆို၊ ဒီညပဲ လုပ်လိုက်တာပေါ့။ အစကတည်းက ငါတို့ပြောထားတာကလည်း နှစ်ကူးပြီးမှပဲလေ။ ”
ကုံးရင့်ရှန်သည် ခဏမျှတွန့်ဆုတ်နေပြီး :
“ ကောင်းပြီ၊ ဒီည။ ငါ ညကျရင် လူလွှတ်ပြီး မင်းကို လာကြိုခိုင်းလိုက်မယ်။ ”
“ မလိုတော့ဘူး၊ ငါ့ဘာသာ ကားမောင်းသွားလိုက်ရင်ရပြီ။ မင်းအိမ်ကို ဘယ်လိုသွားရလဲဆိုတာကို ငါမှတ်မိတယ်။ ”
“ မဖြစ်ဘူး။ ငါပြောထားတယ်မလား၊ မင်း တစ်ယောက်ထဲမလှုပ်ရှားပါနဲ့လို့။ ”
ကုံးရင့်ရှန်သည် စာရွက်စာတမ်းများကို သေချာသိမ်းလိုက်ပြီး၊
“ ငါ အကြောင်းကြားတာကိုစောင့်နေပါ။ ”
သူသည် နှစ်လှမ်းမျှလျှောက်ပြီး၊ ထပ်ရပ်သွားပြန်သည်။
“ မြောင်မြောင်ကိုပါ ခေါ်ခဲ့။ ”
ရန်ရိသည် ကြက်သေသေသွားခဲ့ပြီး၊ နောက်ဆုံးတော့ ရင်ထဲတွင် ချိုမြိန်မှုလေးအနည်းငယ်ရောက်ရှိလာလေသည်။
ကုံးရင့်ရှန်ထွက်သွားပြီးနောက်၊ ရန်ရိသည် ရှုပ်ထွေးနေသည့်မိမိ၏စိတ်ကို သေချာရှင်းလင်းပြီး ထွက်ခွာဖို့ရန် ပြင်ဆင်လိုက်သည်။ သို့သော် တံခါးဖွင့်ဖွင့်ချင်းတွင်၊ ချိုးယန်သည် တံခါးအပြင်ဘက်၌ စောင့်နေကြောင်းကို တွေ့လိုက်ရသည်။ ထို့အပြင် ကြည့်ရသည်မှာ သူ့အား အထူးတလည်စောင့်ဆိုင်းနေသည့်ပုံပင်။
“ ခေါင်းဆောင်ချိုး ?”
ရန်ရိသည် သူမကို နားမလည်နိုင်စွာဖြင့်ကြည့်နေခဲ့သည်။
ချိုးယန်သည် ရှေ့သို့သုံး-လေးလှမ်းမျှလျှောက်လိုက်ပြီး၊ သူ့အား အခန်းထဲသို့ အတင်းအကြပ်ပြန်သွားစေလိုက်သည် :
“ နှစ်ခွန်းလောက်ပြောရအောင်။ ”
ရန်ရိသည် နောက်သို့ပြန်ဆုတ်ရန်သာတတ်နိုင်တော့သည်။
YOU ARE READING
Fight The Fire 《火焰戎装》Myanmar Translation
General FictionOriginal Author : 水千丞 (Shui Qian Cheng) Myanmar Translation of Fight the Fire 《火焰戎装》 196 Chapters + 4 Extras Disclaimer : I don't own this story and any picture that I used in this story. All credits go to author 水千丞 and original artists. I transla...