Chapter 85

3.8K 598 16
                                    

[Unicode]

ရန်ရိသည် မျက်လုံးပြူးသွားရပြီး :

" မင်း​ပြောတာက၊ ကျစ်ယန့်က ရုံထဲမှာ ?"

" ​သေချာ​ပေါက် ကျစ်ယန့်​ရယ်လို့​တော့မဟုတ်ဘူး။ ကျစ်ယန့်မှာက အဲ့​လောက်သက်ဝင်ယုံကြည်သူ​တွေများတာ၊ ကိုယ်တိုင်စွန့်စားမှာ​တော့မဟုတ်​လောက်ဘူး။ "

ကုံးရင့်ရှန် သုံးသပ်ကာ​ပြော​လိုက်သည်၊

" အခု ရုပ်သံလှိုင်း​ခြောက်ခုရယ် online network တစ်ခုရယ်က ဒီ​ဖျော်ဖြေပွဲကို တိုက်ရိုက်ထုတ်လွှင့်နေတာ။ Live signal ကို တည်ငြိမ်​အောင်လုပ်ဖို့အတွက် ရုံက တခြား satalite ​တွေရဲ့ signal လမ်း​ကြောင်းကို ကန့်သတ်ထားမှာပဲ။ ဒါကလည်း remote နဲ့ထိန်းချုပ်တဲ့ဗုံး​တွေမရှိနိုင်ဘူးဆိုတာကို သွယ်ဝိုက်ညွှန်းဆိုနေတာပဲ။ ပြီး​တော့၊ အကယ်၍ ငါတို့က signal jammer ကိုသုံးပြီး signal ​တွေအကုန်လုံးကိုပိတ်လိုက်မယ်ဆိုရင် ဗုံးက အချိန်​ရေတွက်တဲ့လုပ်​ဆောင်ချက်ပဲရှိ​တော့မှာ။ ဒီလိုမျိုးဆိုရင် ကျစ်ယန့်က ဗုံးကိုအရင်ခွဲပစ်လိုက်နိုင်မဲ့ထိန်းချုပ်နိုင်စွမ်းကို ဆုံးရှုံးသွားပြီ။ သူက ဒီလိုမျိုးဟာကွက်ကို ချန်ထားခဲ့မှာမဟုတ်ဘူး။ အဲ့တာ​ကြောင့် လူတစ်​ယောက်က အခင်း​နေရာမှာကျိန်း​သေကိုရှိတယ်။ ရှိသမျှ signal ​တွေအကုန်အပိတ်ခံလိုက်ရရင်​တောင်မှ လက်နဲ့ဗုံးကိုခွဲလိုက်လို့ရတယ်။ "

" အခု ရုပ်သံလှိုင်း​ခြောက်ခုရယ် online network တစ်ခုရယ်က ဒီ​ဖျော်ဖြေပွဲကို တိုက်ရိုက်ထုတ်လွှင့်နေတာ။ Live signal ကို တည်ငြိမ်​အောင်လုပ်ဖို့အတွက် ရုံက တခြား satalite ​တွေရဲ့ signal လမ်း​ကြောင်းကို ကန့်သတ်ထားမှာပဲ။ ဒါကလည်း remote နဲ့ထိန်းချုပ်တဲ့ဗုံ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

" လက်နဲ့ ?အဲ့တာက အဲ့လူကလည်း ​မ​သေ​​အောင်​ရှောင်ဖို့ခက်တယ်မဟုတ်ဘူးလား ?"

ဟယ်ကုသည် မျက်​မှောင်ကြုတ်ကာ​ပြော​လေသည်၊

" ကျွန်​​တော် ခင်ဗျားတို့စကားကိုနား​ထောင်ရတာ၊ မိစ္ဆာဒိဌိဂိုဏ်းတစ်ခုနဲ့တူ​နေသလိုခံစားရတယ်။ "

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now