Chapter 46

4K 768 35
                                    

[Unicode]

ရန်ရိသည် ​ကောင်းမွန်လှသည့်ထမင်းနှင့်ဟင်းလျာများကို စားပွဲအပြည့်ပြင်ဆင်ထားပြီး၊ ဝိုင်နီတစ်ပုလင်းကို​တောင်မှ ဖွင့်ထား​​လေသည်။

ကုံးရင့်ရှန်သည် လက်ကိုပိုက်လျက်၊ ကုလားထိုင်​ပေါ်တွင်ထိုင်​နေပြီး၊ သူ့၏ပုံမှန်အစားသောက်အ​လေ့အကျင့်များနှင့် လုံးဝကိုခြားနား​နေသည့်အစားအစာများကိုကြည့်ရင်း၊ ဘယ်လိုမျက်နှာအမူရာလုပ်ရမလဲဆိုတာကို မသိ​​တော့ချေ။

ရန်ရိသည် ကုံးရင့်ရှန်၏မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည် :

" ဒီထဲမှာ မင်း​ ရှောင်တဲ့ဟာမရှိဘူးမလား ?"

ကုံးရင့်ရှန်သည် ​ခေါင်းခါလိုက်ပြီး၊ ပါးစပ်ဟရုံရှိ​သေးသည်၊ ရန်ရိက " အိုင်း " ဟု အသံပြုလိုက်ပြီး၊ သူ့အား တားလိုက်သည်:

" မင်း ပူတာ​တွေမစားဘူးဆိုတာ ငါသိတယ်။ ဒါ​ပေမဲ့ မင်း ​နွေးတာ​​လေးတွေ​တော့စားတယ်၊ ဟုတ်တယ်မလား။ ဒီဟင်းသုံး-​လေးခွက်က မင်း နည်းနည်း​​လောက်အေး​အောင်​စောင့်ပြီးမှ စားလို့ရတယ်။ မင်း ဒီဟင်း​ခွက်တွေ မှာ အပူ​ငွေ့​တွေထွက်​နေတာကိုပဲကြည့်ပြီး​တော့​,တော့ မငြင်းလိုက်နဲ့။ "

ကုံးရင့်ရှန်သည် သူ့အား စိုက်ကြည့်လိုက်ပြီး :

" မင်း ဘာလို့ ပန်းကန်မခွဲတာလဲ ?"

ရန်ရိသည် မီးဖိုချောင်သို့ ကူကယ်ရာမဲ့စွာဖြင့်ထသွားလိုက်ပြီး၊ ပန်းကန်သုံး-​လေးချပ်ကို ယူလာကာ၊ ရှိသမျှဟင်း​တွေအကုန်လုံးကို နှစ်ပုံခွဲပြီး၊ အသံတိုးတိုး​လေးနှင့် ညည်းလိုက်သည်။

" ငါ့ကို မသတီဘူး​ပေါ့။ "

ကုံးရင့်ရှန်မှာ ရန်ရိ၏အမူအရာ​ကြောင့် ပြုံးသွားခဲ့သည် :

" ငါ မင်းနဲ့ ဒီ​လောက်​သေးတဲ့စားပွဲတစ်လုံးထဲမှာ အကွာ​ဝေးဒီ​လောက်နီးပြီး အတူစား​သောက်တာ၊ ဒီလိုမျိုး ဘာပန်ကန်းအပြင်အဆင်မှရှိတယ်လို့မဆိုနိုင်တဲ့ထမင်းတစ်နပ်ကို အတူစား​ပေးတာကပဲ မင်းကို အရမ်းမသတီ​မဖြစ်တာမျိုးဖြစ်​နေပြီ။ "

Fight The Fire 《火焰戎装》Myanmar TranslationDonde viven las historias. Descúbrelo ahora