Chapter 114

5.7K 836 16
                                    

[Unicode]

ချန်​ရှောင်​ဖေးသည် တပ်ဖွဲ့ကိုးခုကို ထိုးစစ်​လေးဖွဲ့အဖြစ်ခွဲလိုက်သည်။ ထိုးစစ်တစ်အဖွဲ့သည် ဖုန့်ဟွမ်တပ်ဖွဲ့၊ ​လွော်ရှန်ခိုတပ်ဖွဲ့၊ စန်းနင်တပ်ဖွဲ့တို့နှင့် ဖွဲ့စည်းထားပြီး၊ အ​ဆောက်အအုံ B ၏မီးပြင်းအားကို အဓိကထားပိတ်ဆို့ကာ လူကို ကယ်ထုတ်ရမည်ဖြစ်သည်။

ယခုအချိန်တွင် ​လွော်ရှန်ခိုတပ်ဖွဲ့​ခေါင်း​​ဆောင်ဝမ်မန်သည် တပ်သားများကိုဦး​ဆောင်ပြီး အထပ်မြင့်တွင်ပိတ်မိ​နေသည့်လူများကို မိုး​မျှော်​လှေကားမှတစ်ဆင့် ကယ်ထုတ်​နေခဲ့သည်။ ထို့အပြင် ဖုန့်ဟွမ်တပ်ဖွဲ့နှင့်စန်းနင်တပ်ဖွဲ့တို့၏တာဝန်မှာ အ​ဆောက်အအုံ A ရှိမီးက ဆက်ထားသည့်စင်္ကြံမှတစ်ဆင့် အ​ဆောက်အအုံ B သို့ ကူးစက်လာခြင်းကိုတားဆီးရန်ဖြစ်ပြီး၊ 7 လွှာနှင့်အောက်တွင် ပိတ်မိ​နေသူရှိမရှိကိုစစ်​ဆေးပြီး ကယ်ဆယ်ရန်ဖြစ်သည်။

ထိုးစစ်နှစ်အဖွဲ့ကလည်း တပ်ဖွဲ့သုံးဖွဲ့နှင့်ဖွဲ့စည်းထားခုင်းဖြစ်သည်။ တာဝန်မှာ ​ဆောက်လုပ်​နေဆဲအ​ဆောက်အအုံ C မှ မီး​လောင်လွယ်သည့်ပစ္စည်းများကို ​ရွှေ့ရန်ဖြစ်ပြီး၊ လိုအပ်လာသည့်အချိန်တွင် တားထားသည့်စည်းကို ဖွင့်ပြီး မီးပြန့်နှံ့နှုန်းကို တားဆီးရန်ဖြစ်သည်။

ထိုးစစ်သုံးအဖွဲ့က တပ်ဖွဲ့တစ်ခုနှင့်ဖွဲ့စည်းထား၏။ ဝန်​ဟွေး shopping mall နှင့် မူတန်း shopping mall တို့ကြားတွင် ရေအ​မြောက်နှစ်ခုကို ​ရေခုခံကာကွယ်​ရေးလိုင်းအဖြစ်တည်​ဆောက်ပြီး၊ မူတန်း shopping mall ​အပေါ်သို့သက်​ရောက်မှုကို တားဆီးရန်ဖြစ်သည်။

ထိုးစစ်သုံးအဖွဲ့က တပ်ဖွဲ့တစ်ခုနှင့်ဖွဲ့စည်းထား၏။ ဝန်​ဟွေး shopping mall နှင့် မူတန်း shopping mall တို့ကြားတွင် ရေအ​မြောက်နှစ်ခုကို ​ရေခုခံကာကွယ်​ရေးလိုင်းအဖြစ်တည်​ဆောက်ပြီး၊ မူတန်း shopping mall ​အပေါ်သို့သက်​ရောက်မှုကို တားဆီးရန်ဖြစ်သည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ထိုးစစ်အဖွဲ့​လေးသည် တပ်ဖွဲ့တစ်ခုနှင့်ဖြစ်ပြီး၊ မီး​လောင်ပြင်အား ​​ရေကို အစွမ်းကုန်သေချာထောက်ပံ့ရန်ဖြစ်သည်။

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now