Chapter 14

4.9K 790 19
                                    

[Unicode]

နောက်လေး-ငါးရက်အတွင်းတွင် ကုံးရင့်ရှန်သည် ရန်ရိအား ထပ်မံဆက်သွယ်လာခြင်း မရှိပေ။ မူလက ရန်ရိ လက်ခံရရှိသည့်တာဝန်သည် မီးစုံစမ်းစစ်ဆေးခြင်းကို ကူညီရန်အတွက်သာ ဖြစ်သည်။ သို့သော် သည်တစ်ခေါက်၏ မီးသတ်စုံးစမ်းစစ်ဆေးရေး၏ခက်ခဲမှုသည် နှိုင်းရအားဖြင့် နည်းပေသည်။ မီးစတင်လောင်သည့်အချိန်မှစ၍ မီးလောင်ရသည့်အကြောင်းအရင်း၊ ဆက်ပြီး၊ မီးလောင်သည့်ဖြစ်စဉ်အထိ၊ အကုန်လုံးသည် ရှင်းရှင်းလင်းလင်းပင်။ တကယ်ကို ရှုပ်ထွေးသည့်အရာမှာ တာဝန်ရှိသူကို ဖော်ထုတ်ခြင်းပင်။ ဤသည်မှာ ရဲ၏အလုပ်ဖြစ်ပြီး၊ တကယ်ဆိုလျှင် သူသည် သူ့၏အလုပ်ကို အစီရင်ခံ၍ ရနေပေပြီ။

သို့သော် ဤအခြေအနေထိရောက်အောင် ပါဝင်ခဲ့ပြီးပြီဖြစ်သဖြင့်၊ သူသည် တိုးတက်မှုနှင့် ရလဒ်ကိုသာ အမြဲ နှလုံးသွင်းထားလေသည်။ သို့သော် ကုံးရင့်ရှန်၏ လေးစားမှုမရှိသည့် လေသံအနေအထားကို သတိရသွားပြီး၊ သူသည် ဦးစွာ မဆက်သွယ်ချင်တော့ပေ။

အချိန်တစ်ခုအထိ တွေဝေပြီးနောက်၊ ရန်ရိသည် မအောင့်နိုင်တော့ဘဲ ကုံးရင့်ရှန်ဆီသို့ စာပို့လိုက်သည် :

တိုးတက်မှုရှိလား ?

အကြာကြီးစောင့်နေခဲ့သော်လည်း၊ ကုံးရင့်ရှန်သည် စာပြန်မလာပေ။

ရန်ရိ ဖုန်းဆက်လိုက်ချင်းချင်း၊ အသံလေး တစ်ခါမျှ မြည်ရုံလေးရှိသေးသည် ဖုန်းဝင်သွားသည်။ ကုံးရင့်ရှန်သည် စာပြန်လာခဲ့သည် : နောက်မှ။

ရန်ရိသည် "ချေ့ " ခနဲ့ ပမာမခန့်အသံ ပြုလိုက်သည်။

ထိုအချိန်တွင်၊ တင်းချင်သည် ရန်ရိအခန်းတံခါးကို လာခေါက်ခဲ့သည် :

" ခေါင်းဆောင်ရန်၊ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ပေါ်အိုက်လမ်းမှာ ကယ်ခဲ့တဲ့ အဲ့ဒီ့မိန်းကလေးမိသားစု ရောက်လာတယ်။ "

" အော့်၊ ကောင်းပြီ။ "

ရန်ရိသည် မတ်တပ်ရပ်လိုက်ပြီး၊ သူနှင့်အတူ အောက်ထပ်သို့ ဆင်းလာခဲ့လိုက်သည်။

ဧည့်တွေ့ခန်းထဲတွင် မိသားစုသုံးယောက် ထိုင်နေပေသည်။ ပခုံးပေါ်တွင် အဖြူရောင်ပိတ်စပတ်ထားသည့် အမျိုးသမီးသည် ထိုအချိန်တုန်းက မော်တော်ဆိုင်ကယ်အပျက်အစီးများ ပိမိထားသည့် လူငယ်မိခင် ဖြစ်သည်။ သူမ၏ခင်ပွန်းသည် သူတို့၏ကလေးကို ချီထားလေသည်။

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now