[Unicode]
ပေါက်ကွဲမှုဖြစ်သည့်အချိန်တွင် တပ်သားနှစ်ယောက်သည် ဒုတိယထပ်ပြတင်းပေါက်မှ ခုန်ထွက်လာခဲ့ပြီး၊ မီးစများသည် ပေါက်ကွဲသွားသည့်အပိုင်းအစများနှင့် ရောထွေးလျက် ၎င်းတို့အနောက်မှ လိုက်ပါလာခဲ့သည်။ သူတို့သည် ဦးခေါင်းကို ပိုက်လျက် မြေကြီးပေါ်တွင် လှိမ့်နေကြသည်မှာ လေး-ငါးဆယ်မီတာအထိတောင် ရောက်သွားပေသည်။
အကုန်လုံးသည် ပြေးသွားကြပြီး၊ သူတို့ကိုယ်ပေါ်ရှိ မီးပွားစများကို ရိုက်ပုတ်ကာ ငြှိမ်းပေးလိုက်ကြသည်။ နှစ်ယောက်အနက် တစ်ယောက်သည် ပြုတ်ကျပြီး ခြေထောက်ကျိုးသွားသဖြင့် နာကျင်စွာအော်ဟစ်နေလေသည်။
" တစ်ခြားလူတွေကော?"
ရွှီကျင့်သည် စိုးရိမ်တကြီးမေးလာသည်။
" ခေါင်းဆောင်ဝမ်......ခေါင်းဆောင်ဝမ်က ဟိုဘက်က မိုးမျှော်လှေကားကနေပြီးတော့ လူတွေကို ခေါ်ပြီးဆင်းသွားပြီ။ "
ထိုစဉ်၊ ဝမ်မန်နှင့် တပ်သားနှစ်ယောက်သည် ဒဏ်ရာရထားသည့်လူတစ်ယောက်ကို သယ်လျက် အဆောက်အဦး၏အနောက်ဘက်မှ ပတ်ပြီးထွက်လာခဲ့သည်။ သူတို့၏မျက်နှာတစ်ပြင်လုံးသည် မဲတူးနေခဲ့ပြီး၊ တစ်ကိုယ်လုံးလည်း ကိုးရိုးကားယားဖြစ်နေခဲ့သည်။
အကုန်လုံးသည် ဝန်ထုပ်သယ်ထားရာမှ လွှတ်ချလိုက်ရသကဲ့သို့ စိတ်သက်သာရာရသွားကြသည်။
ကောင်းကယ်၏အသံသည် ရုတ်တရက် ထွက်လာခဲ့သည် :
" မီးက ကူးလာပြီ၊ ဟော့ပေါ့ဆိုင်ကို ဒီ့ထက်ပိုပြီး မထိန်းထားနိုင်တော့ဘူး။ "
ရွှီကျင့်မှ အမိန့်ပေးလိုက်သည် :
" အရှေ့ဘက်ကို ရေပိုက်သုံးပြီး မီးပျံ့တာကို တားဆီးကြ၊ တပ်ဖွဲ့သုံးဖွဲ့စလုံးက ရေပိုက်နှစ်ခုစီထုတ်ပြီး အနောက်၊ တောင်၊ မြောက် အဲ့ဒီ့သုံးဘက်ကနေ အဓိက ဝိုင်းထားပြီးတော့ မီးကို ထိန်းချုပ်မယ်။ "
" ဟုတ်ကဲ့!"
အရက်ဘားသည် မီးလောင်ကာ ပေါက်ကွဲသွားခဲ့လေပြီ၊ သည်အချိန်တွင် အထဲ၌ အသက်ရှင်သူရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ သူတို့ ထပ်ပြီးဝင်သွားလို့ မရတော့ပေ။
YOU ARE READING
Fight The Fire 《火焰戎装》Myanmar Translation
General FictionOriginal Author : 水千丞 (Shui Qian Cheng) Myanmar Translation of Fight the Fire 《火焰戎装》 196 Chapters + 4 Extras Disclaimer : I don't own this story and any picture that I used in this story. All credits go to author 水千丞 and original artists. I transla...