[Unicode]
လူခြောက်ယောက်တို့သည် လှေကားအတိုင်းတက်သွားခဲ့ကြသည်။ ခုနစ်လွှာ၏အပူချိန်မှာ အလွန်မြင့်မားလွန်းသဖြင့် ခြေလှမ်းအသစ်တစ်လှမ်း,လှမ်းလိုက်တိုင်း ခံစားမှုအာရုံမှာ ပြောင်းလဲသွားနိုင်သည့်အဆင့်သို့ဖြစ်နေလေပြီ။ ဤကဲ့သို့သောဖြစ်ရပ်မျိုးမှာ အလွန်တွေ့ရခဲပြီး၊ ခုနစ်လွှာကမီးသည် သူတို့အပြင်ဘက်မှလေ့လာခဲ့သည်ထက် ပိုပြီးတော့ပြင်းထန်နေကြောင်းကို သက်သေပြနေလေသည်။
ခုနစ်လွှာတွင် ရေမရှိတာမျိုးမဖြစ်ရလေအောင် သူတို့သည် ခြောက်လွှာကမီးသတ်ပိုက်နှစ်ချောင်းကို သယ်သွားလိုက်သည်။ ရေပိုက်ကိုစီမံခြင်းသည် အချိန်ကြာကြာလေ့ကျင့်ထားသည့်အရည်အချင်းလိုပေသည်။ ၄င်းတို့အထဲတွင် အဆောက်အအုံအလွှာတွေကိုဖြတ်ပြီးတော့ စီမံရခြင်းသည် အခက်ခဲဆုံးဖြစ်သည်။ ရေပိုက်၏ အနည်းဆုံးအရှည်၊ အသုံးပြုနိုင်သည့်အကြီးဆုံးနှုန်းတို့ကို သေချာဖို့လိုအပ်ပေသည်။ ထောင့်တစ်ခုပိုသွားပါက၊ ရေဖိအားနှင့် ဖြန်းသည့်နှုန်းတို့မှာ အနည်းငယ်မျှအားပျော့သွားနိုင်ပေသည်။ အကွေ့တစ်ကြိမ်များသွားပါက၊ ရေက ကိုင်တွယ်နိုင်သည့်အကန့်အသတ်က ရှေ့တစ်ကွေ့တွင် သေးသွားနိုင်ပေသည်။ မီးလောင်ပြင်တွင် မီးသတ်ပိုက်မှာ သူတို့၏လက်နက်ဖြစ်လေသည်။လက်နက်၏အကျိုးပြုမှုက ပိုကြီးလေလေ၊ အောင်နိုင်ချေက များလေလေဖြစ်သည်။
ခုနစ်လွှာလှေကားစင်္ကြံရှိ မီးသတ်ပိုက်ခေါင်းတစ်ခုသည် အသုံးပြု၍ရပေသည်။ ရန်ရိသည် မီးသတ်ပိုက်ခေါင်းရှာရန်အတွက် တပ်သားများကို မဝင်သွားခိုင်းရဲပေ။ အလွယ်လေး လမ်းပျောက်နိုင်ပေသည်။ မီးသတ်ပိုက်သုံးချောင်းက အတော်လေးကို လုံလောက်နေပြီဖြစ်သည်။
အရေးပေါ်ထွက်ပေါက်တံခါးကို ဖွင့်လိုက်သည့်အချိန်တွင် ပြင်းထန်လှသည့်အပူလှိုင်းများ၏အပူဖြာထွက်မှုသည် လူကို ဝါးစားမည့်သရဲနှင့်တူနေပြီး၊ စိတ်စေသသိတ်ကို လောင်ကျွမ်းစေပေသည်။ ရန်ရိမှာ အနောက်သို့နှစ်လှမ်းမျှဆုတ်ရန် ဖိအားအပေးခံလိုက်ရတော့သည်။
أنت تقرأ
Fight The Fire 《火焰戎装》Myanmar Translation
قصص عامةOriginal Author : 水千丞 (Shui Qian Cheng) Myanmar Translation of Fight the Fire 《火焰戎装》 196 Chapters + 4 Extras Disclaimer : I don't own this story and any picture that I used in this story. All credits go to author 水千丞 and original artists. I transla...