Chapter 66+66.2

3.7K 654 120
                                    

[Unicode]

ဘယ်​လောက်​တောင်ကြာသွားလိုက်မှန်းမသိ၊ တုန်ခါမှုသည် ​နောက်ဆုံးတွင်ရပ်တန့်သွား​​​တော့သည်။

ခဏကြာမူး​ဝေသွားပြီ​နောက်၊ နားအနားမှ စိတ်လှုပ်ရှားစွာ​ခေါ်​နေသည့်အသံကို ရန်ရိကြားလိုက်ရပြီး၊ သူ၏ခန္ဓကိုယ်သည်လည်း အသာ​လေးအလှုပ်ခံနေခဲ့ရသည်။ သူ မျက်လုံးကို တင်းပြီးဖွင့်လိုက်​သောအခါ သဲမှုန်များသည် မျက်လုံးထဲသို့ သူ့ထက်ငါအတိုး​အဝှေ့ဝင်လာ​တော့သည်။ သူသည် စပ်လွန်းသဖြင့် ​ခေါင်းကိုအားနှင့်ယမ်းလိုက်သည်။ နှာ​ခေါင်းနှင့်ပါးစပ်တွင်ကပ်နေသည့်သဲမှုန်တချို့သည် သူလှုပ်ခါလိုက်သဖြင့် ပြုတ်ကျသွား​​ခဲ့သည်။ သူသည် ​နှာ​ခေါင်းထဲမှ​လေကို မှုတ်ထုတ်လိုက်သည်--​​ရေနစ်​နေသည့်လူက ​ရေ​ပေါ်​တွင်​ပေါ​လော​ပေါ်​နေနိုင်​အောင်သာ လုပ်နိုင်သလိုမျိုး၊ သဲမှုန်များသည် ရုတ်တရက် လည်​ချောင်းထဲသို့ ဆို့ဝင်သွားသဖြင့် သူသည် အပြင်းအထန်​ချောင်းဆိုးလာ​တော့သည်။

ကုံးရင့်ရှန်သည် ရန်ရိ၏​ကျောကို ဖွဖွ​လေးရိုက်လိုက်သည်။ သူ သက်ပြင်းတစ်ချက်ချလိုက်ပြီး :

" ဘာမှမဖြစ်ရင်ပြီးတာပါပဲ။ "

ရန်ရိသည် လက်အိတ်ကိုချွတ်လိုက်ပြီး မျက်လုံးထဲရှိသဲကို သုတ်ပစ်လိုက်သည်။ သူ သတိဝင်လာခဲ့ပြီး :

" ငါတို့......ငါတို့ ဘယ်မှာလဲ ?"

" လူ့ပြည်မှာပဲရှိ​သေးတယ်။ "

ရုတ်တရက် တစ်ခုခုကိုသတိရသွားပြီး ရန်ရိရင်ထဲတွင် လန့်သွားခဲ့သည် :

" မင်း ခုနတုန်းက ဒဏ်ရာရသွား​သေးလား ?"

ကုံးရင့်ရှန်၏ဒဏ်ရာအ​ခြေအ​နေကို သူ စစ်​ဆေးကြည့်ကြည့်ချင်ခဲ့သည်။ သို့သော်၊ တစ်ချက်​လောက်လှုပ်မိလိုက်မှ သူတို့သည် ​ကျောက်ချပ်နှစ်ချပ်ထိမိ​နေသည့်ကြားတွင် ပိမိ​နေ​ကြောင်းကို သိလိုက်ရသည်။ ​နေရာမှာကျဥ်းလွန်းသဖြင့် ကိုယ်တစ်​စောင်းနေဖို့ရန်​တောင်မှခက်ခဲ​နေခဲ့သည်။

" ဘာမှမဖြစ်ဘူး၊ မပြင်းဘူး။ "

ကုံးရင့်ရှန်သည် အ​ရေးမပါသလို​ပြောလိုက်သည်။

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now