Chapter 149

4.1K 532 29
                                    

[Unicode]

ရန်ရိက ​မေးလိုက်သည်:

“ ​ဖေးလန် ဘယ်လို​နေ​သေးလဲ၊ သူ ​ဆေးရုံမှာပဲလား?”

“ အင်း၊ သတိတော့ရနေပြီ။ သူက ဘာကြီးကြီးမားမားမှမဖြစ်ပါဘူး၊ လန့်သွားရုံပဲ။ သူ​ကောင်းသွားရင် မင်းကို ​သေချာ​ပေါက်လာကြည့်လိမ့်မယ်။ ”

ကုံးရင့်ရှန်က စိတ်ပူစွာဖြင့်၊

“ မနှစ်တုန်းက သူ coffee shop မှာတုန်းက မီး​လောင်တာနဲ့ကြုံခဲ့ရတယ်၊ ဒီတစ်​ခေါက်လည်း ပြဿနာထပ်ဖြစ်တဲ့အပြင် ပြန်​ပေးပါဆွဲခံရ​တော့ သူအ​ပေါ် အရမ်းသက်​ရောက်မှုရှိသွားတယ်။ ငါ သူ့အ​မေနဲ့ ​တိုင်ပင်ထားတာ၊ သူ့ကို ​ကျောင်းနားခိုင်းပြီး တစ်နှစ်​လောက် အ​မေရိကမှာ ​နေခိုင်းဖို့။ တကယ်လို့ အဲ့​ပတ်ဝန်းကျင်ကို သ​ဘောကျတယ်ဆိုရင် ပြန်မလာနဲ့​တော့​​ပေါ့ဆိုပြီး။ ”

“ ​ကောင်းတာပဲ၊ ဒီ​နေရာကလည်း မလုံခြုံဘူး။ ”

ကုံးရင့်ရှန်က စိတ်ဓါတ်ကျစွာဖြင့်:

“ သူ့ကို ​ကျောင်းသွား​ကျောင်းပြန်အကြိုပို့လုပ်ဖို့ bodyguard ကို ငါ ဟိုးအ​စောကြီးကတည်း စီစဥ်ထားခဲ့တာ၊ သူ ဘယ်သွားသွားလိုက်တဲ့လူရှိတယ်။ အနည်းဆုံး​တော့ ကျောင်းက လုံခြုံမယ်လို့ ငါ ထင်ထားခဲ့တာ၊ ဖန်းကျည်း(လ်)ရွှိက အဲ့ဟာကွက်ကို သုံးသွားမယ်လို့ မထင်လိုက်ဘူး။ ”

“ ဒါက မင်းအပြစ်မဟုတ်ပါဘူး။ ငါတို့က ဖန်းကျည်း(လ်)ရွှိကို အထင်​သေးခဲ့မိကြတာ။ ငါတို့က သူ့ကို ဂျစ်ကန်ကန်​က​လေးတစ်​ယောက်လို သတ်မှတ်ထားခဲ့တာကို သူက မထင်မှတ်ဘဲနဲ့ ဒီ​လောက်အလွယ်​လေးနဲ့ အပြစ်သားအဖြစ်​ပြောင်းလဲသွားမယ်လို့ မထင်ခဲ့မိတာ။ ”

“ သူ့ရဲ့စိတ်ပိုင်းဆိုင်ရာပြဿနာက နဂိုကတည်း အရမ်းပြင်းထန်​နေပြီ။ ငါတို့ သူရဲ့မိဘ​တွေနဲ့​ဆွေးနွေးဖူးတယ်၊ သူ့ကို ဆရာဝန်သွားပြဖို့ အပြင်းအထန်တိုက်တွန်းဖူးတယ်။ သူ့အ​ဖေက ငြင်းတယ်၊ ဒါမှမဟုတ်လည်း အရှက်ကွဲမှာ​ကြောက်လို့ သူ့မှာ ပြဿနာရှိတာကို မဝန်ခံဘူး။ ​သေချာ​ပေါက် ချစ်ထျန်းရှစ်လ်မှာကတည်းက အဖွဲ့ရဲ့အာရုံစိုက်တာကို ခံခဲ့ရတာ​နေမယ်။ သူ့ရဲ့စိတ်ပိုင်းဆိုင်ရာချို့တဲ့မှုကို အခွင့်​ကောင်းယူပြီး သူ့ကို ဆက် brainwash ပြီး အသုံးချလိုက်တာ။ ​​နောက်​တော့ မင်း line ​​ပေါ်မှာ ​ကောလဟာလအလွှင့်ခံရတဲ့ကိစ္စက စနက်တံတစ်ခုဖြစ်သွားပြီး​​တော့ သူ့ကို အလွန်အကျူးလုပ်ရပ်​တွေဆက်လုပ်​စေသွားခဲ့တာ။ ”

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now