Chapter 98

3.9K 611 52
                                    

[Unicode]

ချွီးယန်​ပေါ၏စု​ပေါင်းအားထုတ်​ပေးမှုကြောင့် ရှီး​ကျောင်းတပ်ဖွဲ့သည် အခင်း​နေရာသို့ အလျင်အမြန်​ရောက်လာခဲ့သည်။ Exhaust fan သည် အနီးဆုံးဖြစ်သည့်တပ်ဆွယ်က ငှားလာခဲ့ခြင်းဖြစ်ပြီး၊ အသုံးပြုခွင့်​လည်းပေးထား​လေသည်။

ရှီး​ကျောင်းတပ်ဖွဲ့၏​ခေါင်း​ဆောင်မှာ ယန်ကြွယ်ဖြစ်သည်။ ​ထောင်​ထောင်​မောင်း​မောင်းရှိပြီး၊ ခန္ဓာကိုယ်မှာ ကြံ့ခိုင်သန်မာ​ပေသည်။ ​ကြေးနီ​ရောင်အသားအ​ရေရှိပြီး၊ ထင်း​နေသည့်မျက်နှာအနားသတ်များနှင့် ​ယောကျာ်းဆန်မှုအပြည့်ရှိသည့်မျက်နှာကိုပိုင်ဆိုင်ထားသည့် ​အ​နောက်​မြောက်ပိုင်းသားကိုလူ​ချောတစ်​ယောက်ဖြစ်​လေသည်။

ရန်ရိသည် အ​ရှေ့သို့တက်သွားပြီး သူနှင့်သွားနှုတ်ဆက်လိုက်သည်။ သူ(ယန်ကြွယ်)သည် သ​ရော်ပြုံးပြုံးကာ ​ပြောလိုက်သည် :

" လတ်စသတ်​တော့ ဖုန့်ဟွမ်​တပ်ဖွဲ့ရဲ့ခေါင်း​ဆောင် ခေါင်း​ဆောင်ရန်ကိုး။ ဘယ်သူက ဒီ​လောက်မျက်နှာလိုမျက်နှာရလုပ်ပြီး​​​တော့၊ ကျွန်​တော်ရဲ့နယ်​မြေအထိ​​တောင်ပြေးလာပြီး​​​ အလုပ်လည်းလာလုပ်​သေးတယ်၊ ကျွန်​တော်ကိုလည်း အများကြီးမ​မေးခိုင်းတာလဲလို့ ထင်​နေတာ။ "

ရန်ရိကိုယ်တိုင်ကလည်း တပ်ဖွဲ့​ခေါင်း​ဆောင်ဖြစ်သဖြင့်၊ တပ်မ၏တာဝန်ခွဲ​ဝေ​ပေးမှုမရှိသည့်အ​ခြေအ​နေ​အောက်တွင် အခွင့်မရှိဘဲနှင့် တခြားလူ၏နယ်​မြေကို​ရောက်လာခြင်းက ယဥ်​ကျေးမှုမရှိဘူးဆိုတာကို သူလည်းသိ​ပေသည်။ သူသာဆိုလျှင်လည်း ကြည်ဖြူ​နေလိမ့်မည်မဟုတ်​ပေ။ သူသည် ရယ်လိုက်ပြီး :

" ​ခေါင်း​ဆောင်ယန်၊ အားနာပါတယ်။ ဒီကိစ္စက ရဲဘက်ကအ​ရေးကြီးတဲ့အမှုတစ်ခုနဲ့ ပက်သက်​နေလို့ပါ။ ကိစ္စပြီးရင် ကျွန်​တော် ခင်ဗျားကိုထပ်ရှင်းပြပါ့မယ်။ အခု​တော့ ကျွန်​တော်တို့ကို အရင်ကူညီလိုက်ပါဗျာ။ "

ယန်ကြွယ်၏မျက်နှာသည် ​ပြေ​လျော့သွားပြီး :

" သွားရ​အောင်။ ​ရေတွင်းကို သွားကြည့်ကြည့်မယ်။ "

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now