[Unicode]
[ TN : မျက်စိထဲမမြင်နိုင်လောက်ဘူး/ရှုပ်မယ်ထင်တာလေးတွေကို အောက်ဆုံးမှာရှင်းပြထားပါတယ်။ ]
စုန့်ကျွီးဟန်၏နားနေခန်းသို့ အလောကြီးနှင့်အလျင်အမြန်ရောက်သွားခဲ့သည်။
ထိုစဥ်၊ စုန့်ကျွီးဟန်မှာ စင်ပေါ်တက်ဖို့ရန်အတွက် ပြင်ဆင်ပြီးသွားပြီဖြစ်သည်။ သူသည် တစ်ကိုယ်လုံးဟန်အပြည့်နှင့် အမည်းရောင်ငှက်မွှေးတပ်ထားသည့်ကုန်အရှည်ဝတ်ထားပြီး၊ အမည်းရောင်နှုတ်ခမ်းနီကို ဆိုးထားလေသည်။ သူ့၏မျက်နှာကိုပြင်ထားသည်မှာ ဖြူဖွေးနေပြီးစွဲမက်စရာကောင်းပေသည်။ ဤကဲ့သို့အရဲစွန့်ရသည့်အပြင်အဆင်မျိုးသည် သာမန်လူသာဆိုလျှင် လုံးဝထိန်းချုပ်၍ရမည်မဟုတ်ချေ။ သို့သော် သူသည် ထိုနေရာတွင်ထိုင်နေပြီး၊ ကုတ်အင်္ကျီက ကြမ်းပြင်သို့စိုက်ကျနေသည်မှာ လှပပြီး မိန်းမောတွေဝေစေသည့်နတ်ဆိုးတစ်ကောင်က အတောင်ကိုသိမ်းထားပြီး လူပြည့်တွင် အနားယူနေသလိုမျိုးပင်။
ရှောင်စုန်းသည် အံ့အားသင့်စွာဖြင့်ပြောလေသည် :
“ ခေါင်းဆောင်ရန်၊ ခင်ဗျားတို့ ကိစ္စရှိသေးလို့လား ?”
ကုံးရင့်ရှန်က အနုပညာရှင်လုပ်ချင်သည့်စိတ်ပေါက်သွားပြီဟု ထင်ပြီး၊ သူသည် ကုံးရင့်ရှန်အား မျှော်လင့်တကြီးနှင့်ကြည့်နေခဲ့သည်။
“ ဆရာစုန့်၊ အားနာပါတယ်။ ”
ရန်ရိသည် ဘေးတစ်ဖက်ရှိဟယ်ကုကို ကြည့်လိုက်ပြီး၊ အဓိကအချက်ကို တိုက်ရိုက်ပြောလိုက်သည်။
“ အကူအညီတစ်ခုအတွက် ကျွန်တော် အင်ဂျင်နီယာဟယ်ကို ခဏလောက်ငှားချင်လို့ပါ။ ”
ဟယ်ကုသည် အနည်းငယ်အံ့အားသင့်စွာဖြင့် :
“ ကျွန်တော့်ကို ?”
“ အင်ဂျင်နီယာဟယ်၊ ခင်ဗျားက ဟုန်လင်အားကစားရုံရဲ့အင်ဂျင်နီယာ၊ ဟုတ်တယ်မလား ?”
“ ဟုတ်တယ်လေ။ ”
ဟယ်ကုသည် နားမလည်စွာဖြင့်ပြောလေသည်၊
YOU ARE READING
Fight The Fire 《火焰戎装》Myanmar Translation
General FictionOriginal Author : 水千丞 (Shui Qian Cheng) Myanmar Translation of Fight the Fire 《火焰戎装》 196 Chapters + 4 Extras Disclaimer : I don't own this story and any picture that I used in this story. All credits go to author 水千丞 and original artists. I transla...