Chapter 3+3.2

8K 1K 48
                                    

[Unicode]

ရန်ရိ အိမ်တံခါးဝသို့ ရောက်ရောက်ချင်း၊ အိမ်ထဲမှ ပျံ့လွင့်လာသည့် ဆူညံ့စွာ ငြင်းခုန်နေသည့်အသံကို ကြားလိုက်ရသည်။ တံခါးဖွင့်လိုက်သောအခါ၊ အိမ်အကူအဒေါ်ကြီးနှင့် သူ့အဖေသည် တစ်ခုခုအား တွန်းလိုက်ကန်လိုက်လုပ်နေသည်ကို တွေ့လိုက်ရသည်။

" အဒေါ်၊ ဘာဖြစ်တာလဲ?"

အဒေါ်ဝမ်သည် သူ့ကို မြင်သည်နှင့်၊ ဒေါသမမည်သော ဒေါသဖြင့် ပျာပျာသလဲပြောလေသည်၊

" ခေါင်းဆောင်ရန်၊ မင်း အိမ်ပြန်လာဖို့ သတိရသေးတယ်နော်၊ မင်းအဖေ ဆေးမသောက်ဘူးဆိုပြီး ငြင်းနေတယ်!"

ရန်ရိသည် ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်နေသည့် ယောကျာ်းကြီးဆီသို့ ကြည့်လိုက်ပြီး၊ တိတ်တဆိတ်သက်ပြင်းချလိုက်ကာ :

" ​လောင်ရန်(အဖိုးကြီးရန်)၊ ဗိုက်မကောင်းဘူးဆိုပြီး ဘာလို့ ဆေးမသောက်ရတာလဲ။ "

[TN : ဒီနေရာမှာ အဖိုးကြီးဆိုတာက၊ ကိုရီယားကားတွေမှာ တွေ့ဖူး​လောက်မှာပါ အမေကို အစ်မကြီးတို့ ဘာတို့ဆိုပြီး ခေါ်တာမျိုးကို၊ အဲ့သဘောမျိုးပါပဲ။]

" ဘေးထွက်ဆိုးကျိုးပဲရှိတဲ့ဆေးတွေ၊ ငါ မသောက်ဘူး၊ မသောက်ဘူး။ "

ရန်ရှန့်ရုန်သည် အဒေါ်ဝမ်လက်ထဲရှိ ဆေးအား လက်လွတ်စပယ်ရိုက်ချလိုက်သည်။

ဆေးပုလင်းသည် ကြမ်းပြင်ထက်သို့ ကျသွားပြီး၊ ဆေးလုံးများသည်လည်း နေရာအနှံ့သို့ လိမ့်ထွက်သွားသည်။

အဒေါ်ဝမ်သည် ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါလိုက်သည်။

ရန်ရိသည် သူမအား တောင်းပန်သည့်အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။ နှစ်ယောက်သား ဆောင့်ကြောင့်ထိုင်လိုက်ကြပြီး ဆေးလုံးများကို ပြန်ကောက်လိုက်ကြသည်။

ရန်ရှန့်ရုန်မှာမူ ဘာမှမဖြစ်ခဲ့သည့်ပုံစံဖြင့် ရန်ရိအား မေးသည်၊

" မင်း ဒီနေ့ ဘာဖြစ်လို့ ဒီလောက်အစောကြီးရှိသေးတဲ့ဟာကို ကျောင်းဆင်းလာရတာလဲ?"

" မှောင်တောင်မှောင်နေပြီကို၊ မစောတော့ပါဘူး။ "

ရန်ရိသည် ချိုသာစွာ ဆိုလိုက်သည်၊

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now