Chapter 52

3.9K 654 6
                                    

[Unicode]

အစတုန်းက မီးသတ်သမား၏အလုပ်သည် အ​တော်ပင်ပန်းသည်ဟု ရန်ရိထင်ခဲ့မိသည်။ တစ်နှစ်တွင် ပိတ်ရက်ဘယ်​လောက်မှမရှိသည့်အပြင်၊ 24နာရီလုံး တာဝန်ထမ်း​ဆောင်ရ​သေးသည်။ သို့​သော် ကုံးရင့်ရှန်နှင့်ပက်သက်မိသည့်အချိန်တစ်ခုတွင်၊ ရဲသားများသည်လည်း အ​တော်သနားစရာ​ကောင်း​ကြောင်းကို သူ သိရှိသွားခဲ့သည်။ သူတို့၏အချိန်အများစုမှာ စခန်းတွင်​ စောင့်​​ဆိုင်းနေရပြီး၊ အ​ရေး​ပေါ်ထွက်ရသည်မှာလည်း အနည်းစုအ​ခြေအ​နေပင်။ သို့​သော် ရဲသား၊ အထူးသဖြင့် မှုခင်းရဲများသည် အချိန်ပိုမဆင်းသည့်အချိန်ဆိုသည်မှာ မရှိသ​လောက်ပင်။

ယခု ကိုးနာရီပင်ထိုး​တော့မည်၊ ကုံးရင့်ရှန်မှာ ဌာနခွဲသို့ အမြန်ပြန်သွားရ​နေဆဲဖြစ်သည်။

ရန်ရိ ​နောက်ပြီး​ပြောလိုက်သည် :

“ မင်းဟာ​လေ၊ ​အေး​​အေး​ဆေးဆေး သူ​ဌေးသားတစ်​ယောက်ဖြစ်​နေရဲ့သားနဲ့၊ ငါ့ထက် နည်းတဲ့လုပ်ခကိုယူပြီး၊ ငါ့ထက် မနည်းတဲ့အလုပ်ကို လုပ်​နေတယ်။ တစ်ခါတ​လေ ငါ မင်းကို ​​တွေးမိရင်​လေ၊ တကယ်ကို စိတ်ဝင်စားစရာ​ကောင်းတယ်လို့ထင်မိတယ်။ ”

“ မင်း တစ်ခါတ​လေ ငါ့ကို ​​တွေးမိတာလား ?”

ကုံးရင့်ရှန်သည် ရန်ရိကို ကြည့်​နေခဲ့သည်။

ကုံးရင့်ရှန်တစ်​ယောက် ဤစကား၏အဓိကအချက်ကိုဖမ်းတာ သည်​လောက်ထူးဆန်းပြီးပြိုင်ဘက်ကင်းလိမ့်မည်ဟု ရန်ရိ ဘယ်လိုမှမထင်ထားခဲ့​ပေ။ ​သူသည် ရေချိုးခန်းထဲကအရှက်ကွဲမှုကို သတိရသွားပြီး၊ ယခု မိမိမှာ ဘာကိုမှမကြောက်​နိုင်​တော့ဘူးဟု ထင်လိုက်သည်။ သူသည် မျက်လုံးတစ်ဖက်မှိတ်ပြလိုက်ပြီး၊ စ​နောက်သည့်​လေသံဖြင့် ​ပြောလိုက်သည် :

“ ဟုတ်တာ​ပေါ့၊ တစ်ခါတ​လေ ငါ မင်းကို ​​တွေးမိတယ်။ ”

“ မင်း ငါ့ကို ဘာ​တွေးမိတာလဲ ?”

ကုံးရင့်ရှန်မှာမူ အလွန်​လေးနက်စွာ​မေး​နေခဲ့သည်။

“ ……​လျှောက်​တွေးတာ။ ”

ရန်ရိ ကားတံခါးအနားသို့ ​ရောက်​သွား​သောအခါ၊ ကုံးရင့်ရှန်အား ​ခေါင်း​စောင်းကြည့်ရင်း၊

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now