Chapter 99

4.4K 629 32
                                    

[Unicode]

ကုံးရင့်ရှန်သည် တံခါးကို ကြိုးစားကာဖွင့်လိုက်ပြီး ရန်ရိကို အ​နောက်ခန်း၌ထားလိုက်သည်။ ရန်ရိသည် အခွင့်ကောင်းယူကာလဲချလိုက်ပြီး၊ ကုံးရင့်ရှန်အား မျက်စိမပွင့်တပွင့်နှင့်ကြည့်​နေရင်း :

" မင်း......ငါ့ကို အိမ်ပြန်ပို့ဖို့ ?"

ယခု သူ့၏​ဦး​နှောက်သည် ဂျုံ​ကော်နှင့်တူ​နေပြီး၊ လူကိုကြည့်တာ​တောင်မှ အနည်းငယ်မကြည်မလင်ဖြစ်​နေခဲ့သည်။ " အိမ်ပြန်မယ် " ဆိုတာကိုပဲ မှတ်မိ​လေသည်။

" အင်း။ "

ကုံးရင့်ရှန်သည် ရန်ရိကို လုံခြုံ​ရေးခါးပတ်,ပတ်​ပေးလိုက်သည်။ ထို့အပြင်၊ အပြင်ကုတ်ကိုပါ ချွတ်လိုက်ပြီး၊ အခုသ​​ဘောမျိုးဖြစ်​အောင်လိပ်လိုက်ကာ ရန်ရိ၏​ခေါင်း​အောက်တွင် ထား​ပေးလိုက်သည်။

" ခဏ​နေဆို​ရောက်လိမ့်မယ်။ မင်း တစ်​ရေး​​လောက်အိပ်လိုက်။ "

ကုံးရင့်ရှန်ရဲ့အသံက နူးညံ့ပြီးညင်သာ​​နေသည်ဟုသာ ရန်ရိထင်မိသည်။ မှိန်​ဖျော့​ဖျော့အလင်း​ရောင်မှာ သူ့၏မျက်နှာကိုမမြင်နိုင်ဘူးဆို​ပေမဲ့၊ ဒါ​ပေမဲ့ အရမ်းကို​နူးညံ့​နေ​လောက်​ရော​ပေါ့။ ​နေမ​ကောင်း​တော့ ဒီလိုမျိုးအဆက်ဆံခံရတာ၊ သိပ်​ကောင်းတာပဲ။

သူသည် စိတ်​အေးစွာဖြင့် မျက်လုံးကိုမှိတ်လိုက်​တော့သည်။

ကုံးရင့်ရှန်သည် ရန်ရိကို ခဏခဏကြည့်ပြီးမှ ကားတံခါးကို ​ဖြေး​ဖြေး​လေးပိတ်လိုက်​​တော့သည်။ ကား​မောင်းသည့်​နေရာသို့ ဝင်ထိုင်လိုက်ပြီး၊ ကားစက်နှိုးကာ ​မောင်းထွက်သွားတော့သည်။

ဤ​နေရာသည် ရန်ရိ၏အိမ်နှင့် အလွန်ဝေး​ပြီး၊ ​ပေကျင်းမြို့တစ်ဝက်​လောက်ကို ဖြတ်သွားရ​လေသည်။ အိမ်သို့​ရောက်​သည့်အချိန်တွင် မိုး​တောင်လင်း​နေပြီဖြစ်သည်။

ရန်ရိသည် နှစ်ခြိုက်စွာအိပ်​​ပျော်နေခဲ့သည်။ ကုံးရင့်ရှန်သည် ကားတံခါးကိုဖွင့်လိုက်ပြီး ရန်ရိကို အ​နောက်ခန်းမှဆွဲထုတ်လိုက်သည်။ ထိုမှသာ သူကိုယ်ပူ​နေသည်မှာ ပို၍ပြင်းထန်လာ​ပြီး၊ ​မူးမေ့​တော့မလိုဖြစ်​နေကြောင်းကို ​တွေ့လိုက်ရသည်။

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now