[Unicode]
ရန်ရိသည် အလွန်သင်္ကာမကင်းဖြစ်နေပြီး၊ ကုံးရင့်ရှန်က သူ့ကို ဘယ်စားသောက်ဆိုင်သို့ ခေါ်သွားလောက်မလဲဆိုတာကို တစ်လမ်းလုံးစဥ်းစားနေခဲ့သည်။ အရမ်းအဆင့်အတန်းမြင့်တဲ့၊ member ဝင်ပြီးမှ တွေ့လို့ရတဲ့နေရာဖြစ်လောက်ရောပေါ့ ?
မထင်မှတ်ထားဘဲ hot pot ဆိုင်တစ်ခုသာ ဖြစ်နေခဲ့သည်။ ကြည့်လိုက်လျှင် အလွန်အဆင့်အတန်းမြင့်မည့်ပုံပေါက်သော်လည်း၊ သို့သော် အဝင်ဝကဖွင့်ထားပြီး လူဝင်လူထွက်လည်းရှိသဖြင့် သီးသန့်နေရာမျိုးနှင့် မတူပေ။
ရန်ရိ ရယ်လျက်ပြောလိုက်သည် :
" တကယ် hot pot စားဖို့ ငါ့ခေါ်လာတာလား ?"
" အင်း။ "
" ငါစားတာကို မင်းကြည့်နေမှာလား ?"
" အတူစားမှာ။ "
ရန်ရိတစ်ယောက် အံ့အားသင့်စွာဖြင့် ခေါင်းလှည့်လိုက်ပြီး :
" မင်း hot pot စားနိုင်တယ် ?' Hot ' pot ?"
[ TN : Hot pot ရဲ့ တရုတ်စာလုံးမှာ 'မီး' ဆိုတဲ့စာလုံးပါလို့ RY က ဒီလိုပြောလိုက်တာပါ။ အောက်မှာလည်း ပါပါလိမ့်မယ်။ ]
" လျှပ်စစ်နဲ့လေ။ "
ကုံးရင့်ရှန်သည် ကားကို သေချာရပ်လိုက်ပြီး၊ ရန်ရိအား တည်တည်ငြိမ်ငြိမ့်ဖြင့်လှည့်ကြည့်လိုက်သည်။
" ဘာဖြစ်လို့လဲ၊ ငါ တစ်ခါတလေ အပြင်မှာ hot pot စားလို့မရဘူးလား။ "
ရန်ရိသည် နှစ်ချက်မျှခြောက်ကပ်စွာရယ်လိုက်ပြီး :
" မင်းက ဒီနေရာတွေကို ညစ်ပတ်လို့ မကြိုက်ဘူးမလား။ "
" ရဲလုပ်ပြီးနောက်ပိုင်းမှာ ပိုပြီးတော့ညစ်ပတ်တဲ့နေရာတွေအများကြီးကို ငါ မသွားမဖြစ်သွားခဲ့ရတယ်။ အကယ်၍ အလိုက်အထိုက်နေနိုင်မယ်ဆိုရင် ငါ့ကိုယ်တိုင်လည်း ကောင်းကျိုးရှိတယ်လေ။ "
ရန်ရိသည် အလွန်ဝမ်းသာစွာဖြင့် လက်ခုပ်တစ်ချက်တီးလိုက်ပြီး :
" မင်း ဒီလိုမျိုးတွေးနိုင်တယ်ဆိုရင် တကယ်ကိုသိပ်ကောင်းတာပေါ့။ ရဲဆိုတာက လူတွေနဲ့အဆက်အဆံနည်းနည်းပိုလုပ်ရတော့ မင်းရဲ့အလုပ်နဲ့လူမှုဆက်ဆံရေးတွေကို ပိုပြီးတော့အကူအညီဖြစ်တယ်။ သွားမယ် သွားမယ် သွားမယ်၊ ငါတို့ hot pot သွားစားကြမယ်။ "
YOU ARE READING
Fight The Fire 《火焰戎装》Myanmar Translation
General FictionOriginal Author : 水千丞 (Shui Qian Cheng) Myanmar Translation of Fight the Fire 《火焰戎装》 196 Chapters + 4 Extras Disclaimer : I don't own this story and any picture that I used in this story. All credits go to author 水千丞 and original artists. I transla...