Chapter 28

4.8K 794 39
                                    

[Unicode]

ရန်ရိနှင့်ချီ​ရှောင်းတို့သည် ထမင်းအရင်သွားစားကြပြီး၊ ရုပ်ရှင်ကြည့်ခဲ့ကြသည်။ ည​ရောက်မှ၊ အသီးသီး၏သူငယ်ချင်းများကို​ ခေါ်လိုက်ပြီး၊ သူတို့သွား​နေကျအရက်ဘားသို့ သွားကာ​တွေ့ဆုံ​ခဲ့ကြသည်။

တကယ်တော့ ရန်ရိသည် အရက်​သောက်ရသည်ကို သိပ်သ​ဘောကျ​​ပေသည်။ အလွန်အကျွံ​သောက်ခြင်းမဟုတ်​သော်​လည်း၊ ပုံမှန်အလုပ်ရှိသည့်အချိန်မျိုးတွင် သူတို့သည် အရက်​သောက်ခြင်းကို တင်းကြပ်စွာတားမြစ်ထား​​သော​ကြောင့်၊ ခက်ခက်ခဲခဲပိတ်ရက်ရထား​သဖြင့် ​ကောင်း​ကောင်းအနားယူ​ဖြေ​လျော့ရ​ပေမည်။

ညလယ်အထိ​ပျော်ပါးပြီး​မှ၊ လူတစ်စုသည် တဖြည်းဖြည်းနှင့်လူစုခွဲသွားခဲ့ကြသည်။ ရန်ရိတစ်​ယောက် ​သောက်ထားသည်မှာ မနည်း​​ပေ၊ သို့​သော် လမ်းကို​တော့ တည်တည်ငြိမ်ငြိမ်​လျှောက်နိုင်​​သေးသည်။ ချီ​ရှောင်းမှာမူ ဟိုယိမ်းဒီယိုင်ဖြစ်​နေပြီး၊ သူ့ကိုယ်​ပေါ်တွင် တွယ်ချိတ်ထား​လေသည်။

ကားအ​ရှေ့သို့ ​ရောက်​သော်၊ ရန်ရိသည် လက်တစ်ဖက်ထဲဖြင့် ဖုန်းကိုထုတ်လိုက်ပြီး :

" ခဏနေဦး​နော်။ ငါ အငှားယာဥ်​​မောင်း​ခေါ်လိုက်ဦးမယ်။ "

ချီ​ရှောင်းသည် ရန်ရိ၏လည်ပင်းကို သိုင်းဖက်လိုက်သည်။ သူသည် ​ခေါင်းကို​မော့လိုက်ပြီး၊ ပူ​နွေး​နေသည့်နှုတ်ခမ်းဖြင့် ဖိကပ်လိုက်ပြီး၊ ရန်ရိအား ဖွဖွ​လေးနမ်းလိုက်သည်။

ရန်ရိသည် သူ့၏ခါးကို ဖက်ထားကာ၊ မသဲမကွဲနှင့်​ပြောလိုက်သည် :

" ​တော်ပြီ​တော်ပြီ။ ငါတို့ အရင်အိမ်ပြန်ရ​အောင်။ "

ချီ​ရှောင်းသည် မိန်း​မော​နေသည့်မျက်ဝန်းများဖြင့် ရန်ရိအား စိုက်ကြည့်လိုက်ပြီး၊ အသံတိုးတိုး​လေးနှင့်​ပြောလေသည် :

" ကို၊ ကိုက တကယ်​ကောင်းတယ်။ အရမ်းကို ​ကောင်းတယ်။ "

" အင်း၊ ငါ သိတယ်။ "

ရန်ရိသည် ရယ်လျက်၊

" မင်း ဘယ်လိုဖြစ်​နေတာလဲ ဒါက။ "

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now