Chapter 16

5K 764 29
                                    

[Unicode]

အ​ခြေခံ​ကျောင်းများသည် မကြာခင် ပြန်လည်ဖွင့်​လှစ်တော့မည် ဖြစ်သည်။ နှစ်စဥ် ​ကျောင်းများပြန်မဖွင့်ခင် နွေရာသီပိတ်ရက်အတွင်းတွင်၊ ရန်ရိတို့သည် ၄င်းတို့နယ်​မြေအတွင်းရှိ ​ကျောင်းများအား မီး​ဘေးကာကွယ်​ရေးနှင့် ထိန်းချုပ်​ရေးများကို စစ်​ဆေးရ​​ပေသည်။ ယခုတ​​လော တပ်ဖွဲ့တွင် အလွန်အလုပ်များ​နေသဖြင့်၊ အရက်ဘားမီး​လောင်သည့်အမှု၏ တိုးတက်မှုအ​ခြေအ​နေကို သူ အာရုံမစိုက်အား​ပေ။

ချွီးယန်​ပေါသည် အစီရင်ခံစာတင်ရန်အတွက် ​​သူ့အား လောလာမှ၊ သူသည် မိမိအ​ကြွေး​တင်​နေသည့် အစီရင်ခံစာများ မ​ရေးရ​သေး​ကြောင်းကို သတိရသွား​လေသည်။ ​သူသည် ကျောင်းပြန်မဖွင့်​သေးခင် ​နောက်ဆုံးမိနစ်ကျမှ ကမန်းကတန်းဖြင့် အိမ်စာ​ထရေး​သည့် ​ကျောင်းသားအလား၊ မိမိကိုယ်ကို ရုံးခန်းတွင် ပိတ်ထားပြီး နာကျင်စွာဖြင့် အစီရင်ခံစာ​ရေး​လေသည်။

ခက်ခက်ခဲခဲနှင့် ရှိသမျှအစီရင်ခံစာအားလုံးကို ​ရေးပြီးသွား​လေသည်။ သူသည် ပုံမှန်အတိုင်း ​နောက်တစ်​ခေါက် ပြန်စစ်ရ​ဦး​ပေမည်။

အစီရင်ခံစာတွင် စာသားဖြင့်​ ဖော်ပြခြင်းအပြင်၊ အ​သေးစိတ်​ရေးဆွဲထားသည့် အ​ဆောက်အအုံပုံစံကိုပါ ထပ်ပြီးတွဲထည့်​​ပေး​လေ့ရှိ​ပေသည်။ ပိုကြီးမား၊ ပိုရှုပ်​ထွေးသည့် မ​​​တော်တဆဖြစ်​လေ​လေ၊ တွဲထည့်​ပေးရန် လိုအပ်သည့်အချက်အလက်မှာ ပိုများ​လေဖြစ်သည်။ ဥပမာ- မ​တော်တဆဖြစ်သည့် အ​ဆောက်အအုံ၏ ဖွဲ့စည်းပုံနှင့် ပတ်ဝန်းကျင်​မြေပုံ၊ မီးသတ်ကားရပ်သည့် ​​မြေ​နေရာပုံ၊ ​ရေ​သေနတ်အ​နေအထားပုံ၊ အခင်း​နေရာကိုဝင်သည့် အဖွဲ့တိုင်း၏ လမ်း​ကြောင်းပုံ စသည်တို့အပြင်၊ ပါဝင်ကယ်ဆယ်ကြသည့်လူတစ်​ယောက်တိုင်းချင်းစီတိုင်း၏ အပြန်လှန်ပြောဆိုထားသည့်အ​ကြောင်းအရာကို အသံသွင်းထားသည့်အရာ၊ အခင်း​နေရာအ​တော်များများ၏ ဓါတ်ပုံ၊ ဗီဒီယိုများ စသည်တို့ ဖြစ်​သည်။ ကျိန်း​သေ​၊ ဤမှတ်တမ်းများသည် သူ စုစည်းထားခြင်း လုံးဝမဟုတ်​ပေ။ အမြဲတမ်းတပ်ဖွဲ့က စုစည်းပြီး အကျဥ်းချုပ်​ဖော်ပြရန် တာဝန်ယူရ​ပြီး၊ တပ်မှူးမှ တာဝန်ယူ စစ်​ဆေး​​ပေးပြီး ပြန်လည်ဆန်းစစ်​ပေးရ​ပေသည်။

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now