Chapter 21

4.5K 737 52
                                    

[Unicode]

ရန်ရိသည် သူ့အား တွဲထူလိုက်သည်။ ​အောက်ဆီဂျင်ဘူးသယ်ထားသည့်စွန်းတင့်ယိသည် အနည်းဆုံး တစ်ရာ့ခုနစ်ဆယ်ရှစ်ဆယ် catty (​ပေါင်၂၀၀ဝန်းကျင်)မျှ ရှိ​​သဖြင့်၊ သူပါ ရုတ်တရက်လိုက်ပြီး နစ်ကျလုနီးဖြစ်သွားခဲ့သည်။ သူသည် မျက်နှာဖုံးကို မိမိဦး​ခေါင်း​ပေါ်သို့ ပြန်​ပြောင်းလိုက်ပြီး၊ စွန်းတင့်ယိ၏ဝတ်စုံကို အားသုံးကာချွတ်​နေသည့်တစ်ချိန်တည်းမှာပင် ​ပြောလိုက်သည် :

" ​ကောင်းကယ်၊ လူသုံး​ယောက်​လောက်ကို လွှတ်ပြီး လာကူခိုင်းလိုက်။ ​အောက်ဆီဂျင်တစ်ဘူးပါ ယူခဲ့။ အမြန် !"

​ကောင်းကယ်၏မျက်နှာတစ်ပြင်လုံးသည် ​​ချွေးများစိုရွှဲ​နေခဲ့သည်။ သူသည် အမိန့်ပေးလိုက်သည် :

" ​​ချွေးယိစန့်၊ မင်း သူတို့နှစ်​ယောက်ကို​ခေါ်ပြီး တွင်းထဲဆင်းသွားလိုက်။ လူအရင်ဆင်းလိုက်၊ အသက်​ကိုအောင့်ထား၊ ငါတို့ ပစ္စည်းကို​အောက်ချ​ပေးလိုက်မယ်။ "

" ဟုတ်ကဲ့ !"

ရန်ရိသည် စွန်းတင့်ယိအား တွဲလျက်၊ ​ရေနက်ထဲတွင် ခက်ခဲစွာဖြင့် ​ရှေ့သို့တလိမ့်ချင်းစီသွား​​နေပြီး၊ စွန်းတင့်ယိနှင့် မကြာခဏ မျက်နှာဖုံးကို အလဲအလှယ်လုပ်​နေခဲ့သည်။ လီဆာ့သည်လည်းပဲ ထိုအပြင်ဆရာကို တွဲလျက် အ​နောက်မှလိုက်လာခဲ့သည်။ ထိုအပြင်ဆရာသည် ကိုယ်ခန္ဓာ​ပိန်​သေး၍ ​တော်​သေးသည်။ မဟုတ်ပါက ဤကဲ့သို့​သောအ​ခြေအ​နေမျိုးတွင် သူမသည် တစ်လက်မပင်ရွေ့နိုင်မည်မဟုတ်​ချေ။

အ​ဝေးကြီးပင် မသွားရ​သေး၊ လျို​ဟွေးသည် အရင်ဆုံး​ပြေးလာခဲ့သည်။

ရန်ရိ ဆဲကာ​ပြော​လေသည် :

" ငါ-ိုးထဲမှပဲ ငါ မင်းကို ရှောင်​ထောင်းကိုကြည့်ခိုင်းထားတာ​လေ။ "

" ​ရှောင်​ထောင်းက ကျွန်​တော့်ကို လာခိုင်းလိုက်တာ။ "

လျို​ဟွေးသည် စွန်းတင့်ယိအား သယ်မည်အပြု၊

" မင်း လီ​ဆာ့ကို သွားကူလိုက်။ ငါတစ်​ယောက်ထဲဖြစ်တယ်။ "

လျို​ဟွေးသည် အပြင်ဆရာကို သယ်လိုက်ပြီး :

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now