[Unicode]
ရန်ရိ ဆက်ပြီးမေးချင်နေခဲ့သည်၊ သို့သော် ချိုးယန်မှာ ပြန်လည်တိတ်ဆိတ်သွားခဲ့သည်။ ဤအရာမှာ လိုရင်းတိုရှင်းနှင့် ရှင်းအောင်ပြောလို့ရသည့်အရာမဟုတ်ကြောင်းကို သူ သိပေသည်။ ထို့အပြင် ချိုးယန် အဘယ့်ကြောင့်ဆက်မပြောချင်တော့သလဲဆိုတာကို သူ နားလည်နိုင်ပေသည်။
လွန်ခဲ့တဲ့ဆယ့်ရှစ်နှစ်တုန်းက တကယ်ပဲ ဘာများဖြစ်ခဲ့တာလဲ ?!
လူနာအခန်းသို့ ပြန်ရောက်သောအခါ၊ အဘစန့်သည် ကုံးရင့်ရှန်အား အင်္ကျီအသန့်လဲပေးပြီးသွားပြီဖြစ်သည်။ သူ ရန်ရိပြန်လာသည်ကို မြင်သောခါ၊ ကုံးရင့်ရှန်အတွက် လုပ်ဆောင်စရာကိစ္စများကိုသွားဆောင်ရွက်ပေးတော့သည်။
ရန်ရိသည် ကုတင်အရှေ့တွင် ရပ်နေပြီး၊ ကုံးရင့်ရှန်တစ်ယောက် ဖြူဖျော့ပြီးတိတ်ဆိတ်စွာအိပ်စက်နေသည်ကို အသေးစိတ်သေချာကြည့်နေခဲ့သည်။
အရမ်းကို လှတာပဲ၊ ထိုနက်နဲတောက်ပသည့်မျက်ဝန်းအစုံက ပိတ်ထားတာတောင်မှ၊ ရင်ဖိုစရာကောင်းသည့်ရုပ်ရည်အသွင်ပြင်မှာ လျော့ကျသွားခြင်းမရှိပေ။ သို့သော် ထာဝရဘုရားသခင်၏ အနုစိတ်ဖန်တီးထုဆစ်ပေးခြင်းကို ခံယူခဲ့ရသည့်ဤလူသားသည်၊ ကံကြမ္မာနတ်ဘုရား၏ သနားညှာတာမှုကို နည်းနည်းကလေးတောင်မှမရခဲ့ဘဲ၊ ဖီလာအားဖြင့် သူ့၏အရာအားလုံးကို အရက်စက်ဆုံးသောနည်းလမ်းဖြင့် လုယူသွားခဲ့လေသည်။
ရန်ရိ၏နှလုံးသားသည် စူးခနဲနာကျင်သွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် မီးကြောင့်ဖြစ်ပေါ်လာသည့် လူ့ဘဝ၏ကြောက်စရာကောင်းသည့်ကိစ္စရပ်အများကြီးအများကြီးကို သူ မြင်တွေ့ခဲ့ဖူးသောကြောင့်ဖြစ်သည်။ လေးစားရသည့်ဆရာသမားများ၊ ညီအစ်ကို၊ သူငယ်ချင်းတို့ကို မီးက လုယူသွားခဲ့သည်ကို သူ ခံစားဖူးသဖြင့်၊ ကုံးရင့်ရှန်၏နာကျင်မှုကို သူ ပိုပြီးနားလည်နိုင်ပေသည်။
ထိုအရွယ်ရောက်ပြီးသားလူတောင်မှ သည်းခံရန်ခက်ခဲသည့်နာကျင်မှုကို ခြောက်နှစ်အရွယ်ကလေးလေးတစ်ယောက်အား သွားပြီးထမ်းပိုးစေခဲ့သည်။
KAMU SEDANG MEMBACA
Fight The Fire 《火焰戎装》Myanmar Translation
Fiksi UmumOriginal Author : 水千丞 (Shui Qian Cheng) Myanmar Translation of Fight the Fire 《火焰戎装》 196 Chapters + 4 Extras Disclaimer : I don't own this story and any picture that I used in this story. All credits go to author 水千丞 and original artists. I transla...