Chapter 130

5.6K 872 35
                                    

[Unicode]

ရန်ရိ ကိုယ်ကိုလှည့်ကာ ပြန်ဝင်သွားချင်မိသည်၊ ကုံးရင့်ရှန်ကမူ သူ့၏ပခုံးကို ဖိလိုက်ပြီး :

" မ​လောနဲ့ဦး၊ မင်းရဲ့စဥ်းစားပုံကို ငါတို့ တစ်ချက်အရင်ရှင်းကြရ​အောင်။ မင်း ပြန်စဥ်းစားကြည့်၊ မင်း သူနဲ့စကား​ပြော​နေတဲ့အချိန်အတွင်းမှာ ဘာခံစားချက်ရှိလဲ။ "

" ဘာခံစားချက် ?"

ရန်ရိ မျက်လုံးကိုလှန်ကြည့်လိုက်ပြီး၊

" စိတ်တိုတယ်၊ ဘာခံစားချက်ရှိနိုင်ဦးမှာလဲ။ "

" အဲ့တာအပြင်​ရော ?"

ရန်ရိ စိတ်​အေး​အေးနှင့်စဥ်းစားကြည့်လိုက်သည် :

" တစ်ခါတ​လေ၊ သူက ငါ့ကို​ဒေါသထွက်​စေတဲ့စကား​တွေကို တမင်​ပြော​နေသလို ငါ ခံစားရတယ်။ "

" ဟုတ်တယ်၊ သူက မင်းရဲ့အာရုံကို ဆွဲ​ဆောင်ချင်​နေတာ။ သူ ငါတို့ကို ရင်ဆိုင်တဲ့အချိန်နဲ့ မင်းကို ရင်ဆိုင်တဲ့အချိန်က လုံးဝကိုမတူဘူး။ လူကို ​ဒေါသထွက်​စေတာချင်း​တော့တူ​ပေမဲ့၊ ဒါ​ပေမဲ့ ငါတို့​ရှေ့မှာကျ သူက အထင်​သေးတာမျိုး၊ အ​လေးနက်မထားတာမျိုး၊ သာမာန်ကာလျှံကာလုပ်ပြတာမျိုးကို လုပ်ပြပြီး ကိုယ်လုပ်ထားတဲ့ကိစ္စကို ​​အေး​အေး​ဆေး​ဆေးနဲ့​ပြောပြတယ်။ ကိုယ့်ရဲ့အသက်နဲ့ မိသားစုအသိုင်းဝိုင်း​နောက်ခံကို အားကိုးပြီး​၊ အပြစ်​အပေးခံရမှာကို နည်းနည်းက​လေး​တောင်မှ စိတ်မပူဘူး။ ဒါ​ပေမဲ့ မင်းအ​ရှေ့မှာကျ ဒီလိုမျိုးမဟုတ်ဘူး၊ သူက သူ့ကိုယ်သူကို ​ဖော်ပြချင်​နေတာ။ "

သူနှင့်ဖန်းကျည်း(လ်)ရွှိတို့ စကား​ပြောခဲ့ကြသည့်အချိန်ကို ရန်ရိ ပြန်​တွေးကြည့်ကြည့်လိုက်​သော်၊ တကယ်ကို ဤသို့​သောခံစားချက်မျိုးရှိသကဲ့သို့ပင်။

ချိုးယန် :

" သူ ရှင့်ကို အရူးအမူးဖြစ်တယ်၊ အာရုံစိုက်တယ်ဆိုတာက သူ့ရဲ့အယူဆကို ရှင့်ကို လက်ခံ​စေချင်လို့။ အဲ့တာ​ကြောင့် သူက ကိုယ့်ရဲ့အယူဆကို မနားစတမ်း​ဖော်ပြ​နေတာ၊ ပြီး​တော့ ရှင့်ရဲ့တုံ့ပြန်မှုကို စမ်း​နေတာ။ ဥပမာ၊ သူ တပ်စုခေါင်း​ဆောင်စွန်းကို အစ​​ဖော်ခဲ့တယ်ဆိုတာက တမင်လုပ်တာပဲ။ သူက ရှင့်ရဲ့ အနိမ့်ဆုံး limit ကို စမ်းကြည့်ကြည့်ချင်​တာ။ "

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now