Chapter 96

3.7K 534 11
                                    

[Unicode]

ရဲက ပါဆယ်ထုပ်ကိုယူသွားပြီး​သော်၊ တပ်ဖွဲ့တွင် အစည်းအ​ဝေးတစ်ကြိမ်ထပ်​ခေါ်လိုက်ပြန်သည်။ ပါဆယ်ထုပ်ကိစ္စကို ​ပြောပြပြီး၊ စခန်းထဲသို့ဝင်သည့် ပစ္စည်း၊ ဝန်ထမ်း၊ ကားတို့ကို စစ်​ဆေးရန်အတွက် ယာယီ အလှည့်ကျကြီးကြပ်​ရေးအဖွဲ့ကိုဖွဲ့စည်းလိုက်ကြသည်။ သည့်အပြင်၊ ချွီးယန်​ပေါသည် တပ်ဆွယ်၏​လေ့ကျင့်​ရေးစခန်းသို့သွားပြီး မီးသတ်​ခွေးတစ်​ကောင်ကိုယူလာခဲ့ရန် စီစဥ်ထား​သေး​လေသည်။

အစည်းအ​ဝေးလုပ်ပြီး​နောက်၊ ရန်ရိသည် အလွန့်ကိုပင်ပန်း​နေခဲ့သည်။ အစည်းအ​ဝေးတစ်ခုက အားအင်ဘယ်​လောက်မှ မကုန်ခန်း​စေ​ပေ။ ယခုအချိန် ကျစ်ယန့်က အပြင်မှာလွတ်​နေတယ်ဆိုသည့်အချက်ကမှသာ သူ့အား တကယ်ကိုစိတ်ပင်ပန်း​စေ​ပေသည်။ ပါဆယ်ထုပ်​ကလေးတစ်ခုဖြစ်​သော်လည်း တပ်ဖွဲ့ကလူများကို အထိတ်အလန့်ဖြစ်​စေခဲ့​လေသည်။

ရုံးခန်းသို့ပြန်​ရောက်​သော်၊ ရန်ရိသည် ဆိုဖာ​ပေါ်တွင် နည်းနည်း​လေးလဲ​​လျောင်း​နေကာ အ​တွေးထဲတွင် အချိန်အ​တော်ကြာနစ်​မြော​နေခဲ့​လေသည်။ ယခု သူ့အ​နေနှင့်ပြောရမည်ဆိုလျှင် ပြင်ပကရန်မူမှု​ကြောင့် အတွင်းဘက်ကို စိတ်ပူပန်​နေရ​လေပြီ။ သူတို့သည် မီးရှိူ့မှုကိုဝါသနာထုံသည့် ပြစ်မှုကျူးလွန်သည့်အဖွဲ့အစည်း၏​စောင့်ကြည့်မှုကို ခံ​နေကြရပြီး၊ တပ်ဖွဲ့တစ်ခုလုံး၏လုံခြုံမှုသည် အခြိမ်း​ခြောက်ခံ​နေရ​လေသည်။ သူနှင့်ကုံးရင့်ရှန်တို့၏ပြဿနာကလည်း အ​သေအထုံးခံထားရပြီး၊ ​ဖြေနိုင်မ​ဖြေနိုင်ကိုလည်း မသိ​ပေ။

သူ့ကို အနည်း​လေးစိတ်သက်သာရ​စေနိုင်သည့် တစ်ခုတည်း​သောအရာမှာ အနည်းဆုံး​တော့ သူ့အ​ဖေသည် အန္တရာယ်ကင်း​နေသည်ဆိုတာပင်။ ၄င်းသည် သူ့အား ​နောက်ဆံတင်း​နေတာမျိုးမဖြစ်​စေခဲ့​ပေ။

သူ့အ​ဖေကို ​စဥ်းစားမိလိုက်သည်နှင့်၊ ကုံးအိမ်မီးရှို့အမှုကို သူ သတိရသွားပြန်သည်။

ထိုအချိန်တုန်းက သူ့အ​ဖေသည် ပဥ္စမတပ်ဖွဲ့၏​ခေါင်း​ဆောင်ဖြစ်သည်။ ထို့​ကြောင့် မီး​လောင်ပြင်ထဲသို့ ပထမဆုံးဝင်သွားရမည့်သူဖြစ်​သည်။ ဤသည်မှာ သူတို့၏မီးသတ်ညွှန်ကြားချက်စည်းကမ်းဖြစ်​လေသည်။ မိမိမသွားရဲသည့်​နေရာကို တပ်သားကိုလည်း သွားခိုင်း၍မရ​ပေ။ ထို့​ကြောင့် ထိုအချိန်တုန်းက ကုံးအိမ်တံခါးမကြီးကိုဖျက်သည့်သူမှာ သူ့အ​ဖေမဟုတ်ဘူးဆိုရင်တောင်မှ၊ သူ့အ​ဖေကလည်း အခင်း​နေရာတွင် ကျိန်း​သေရှိ​နေခဲ့မည်ဖြစ်သည်။

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now