[Unicode]
ကုံးရင့်ရှန်၏ကားသည် တပ်ဖွဲ့တံခါးအဝတွင် ဖြည်းဖြည်းချင်းရပ်လိုက်သည်။
ရန်ရိသည် လုံခြုံရေးခါးပတ်ကို အလျင်မလိုစွာဖြင့်ဖြုတ်လိုက်သည်။ နှစ်ယောက်စလုံး တစ်ယောက်ကိုတစ်ယောက် တစ်ချက်စွေပြီးခိုးကြည့်လိုက်ကြသော်လည်း ဘယ်သူမှ ပါးစပ်မဟကြချေ။
ကားအတွင်းရှိ တိတ်ဆိတ်မှုက နှစ်ယောက်စလုံးကို အနည်းငယ်နေရခက်စေပေသည်။ ရန်ရိက ပြောလိုက်သည် :
" ဒါဆို......ငါ တက်သွားတော့မယ်နော် ?"
မူလကကဲ့သို့ပင် ကုံးရင့်ရှန်တစ်ယောက် စကားမပြောချေ။ သို့သော် တစ်ဖက်တွင်ကျနေသည့်လက်က ရန်ရိရင်ဘတ်ထဲတွင်ပိုက်ထားသည့် ကုတ်အင်္ကျီ၏အနားကို တိတ်တိတ်ကလေးဆွဲထားလေသည်။
ရန်ရိသည် တံခါးလက်ကိုင်ကို ကိုင်ထားရင်းဖြင့် ထပ်ခါထပ်ခါတွေဝေနေခဲ့သည်။ နောက်ဆုံးတွင် မနေနိုင်တော့သဖြင့် မေးလိုက်သည် :
" တက်လာပြီး မြောင်မြောင်ကို ကြည့်ဦးမလား ?"
" ကြည့်မယ်။ "
ကုံးရင့်ရှန်တစ်ယောက် အမြန်ပြန်ဖြေလိုက်သည်။
ယခုအချိန်တွင် တပ်ဖွဲ့၌ မီးပိတ်ထားရမည့်အချိန်ကို ကျော်လွန်သွားပြီဖြစ်သဖြင့်၊ အပေါက်ဝတွင်ကင်းစောင့်နေသည့်လူမှလွဲ၍ တစ်လမ်းလုံးတွင် လူတစ်ယောက်နှင့်မှမဆုံခဲ့ချေ။ အဆောင်ထဲသို့ဝင်သွားသော်၊ ဖုန့်ဟွမ်သည် လှေကားအောက်ဖက်မှ ရုတ်တရက်ပြေးထွက်လာခဲ့လေသည်။ သူသည် အမြှီးကို ယမ်းပြရင်း၊ နှစ်ယောက်အား တောက်ပသည့်မျက်ဝန်းအစုံဖြင့်ကြည့်နေလေသည်။
ရန်ရိသည် " ရှူး " ဆိုသည့်သင်္ကေတကို လုပ်ပြလိုက်ပြီး :
" ပြန်သွားပြီ အိပ်။ "
နှစ်ယောက်သား အပေါ်တက်မည်အပြု၊ လှေကားအောက်ဖက်မှ ကြောင်အော်သံကို ကြားလိုက်ရလေသည်။
သူတို့သည် ဖုန့်ဟွမ်၏အိပ်ရာကို လှေကားအောက်ဘက်တွင်ထားပေးလိုက်ကြသည်။ ဤရက်ပိုင်းတွင် သူနှင့်မြောင်မြောင်တို့မှာ ရင်းနှီးနေကြပြီဖြစ်သည်။
YOU ARE READING
Fight The Fire 《火焰戎装》Myanmar Translation
General FictionOriginal Author : 水千丞 (Shui Qian Cheng) Myanmar Translation of Fight the Fire 《火焰戎装》 196 Chapters + 4 Extras Disclaimer : I don't own this story and any picture that I used in this story. All credits go to author 水千丞 and original artists. I transla...