Chapter 122

4.9K 834 186
                                    

[Unicode]

ကုံးရင့်ရှန်သည် ကားထဲတွင် ခဏမျှမှုန်မှိုင်းစွာထိုင်​နေခဲ့သည်။ ကားထွက်မည်အပြုတွင် ကားတစ်စီးက မိမိ၏ကားအ​ရှေ့တွင် လာရပ်သည်ကို ​တွေ့လိုက်ရသည်။ ကားတံခါးမှာပွင့်လာပြီး အရပ်မြင့်မြင့်နှင့်ခန့်ညားသည့်​အမျိုးသားတစ်​ယောက် ဆင်းလာခဲ့​လေသည်။ လက်ထဲတွင်လည်း လက်​ဆောင်အိတ်တချို့ကို သယ်လာ​သေး​လေသည်။

သည်​လောက်​အေး​နေသည့်​နေ့တွင် ထိုအမျိုးသား၏အပြင်ကုတ်မှာမူ ဘယ်လိုမှထူပုံမရသည့်ဂျင်းအင်္ကျီ​​လေးတစ်ထည်သာဖြစ်​လေသည်။ သူ့၏ကြံ့ခိုင်သည့်ခန္ဓာကိုယ်သည် အ​အေးဓါတ်ကို ​မွေးရာပါတားဆီး​ပေးသည့်​ပဥ္စလက်လက်နက်ကဲ့သို့ပင်။

ကုံးရင့်ရှန် မျက်လုံးကို ​မှေးလိုက်ပြီး၊ ရုတ်ခြည်းဆိုသလို စိတ်အ​နှောင့်အယှက်ဖြစ်သွားရ​တော့သည်။ လာသည့်လူမှာ တခြားလူမဟုတ်၊ အတိအကျကို ယန်ကြွယ်ပင်။

သာမန်အချိန်တွင် ရန်ရိနှင့် ညီအစ်ကိုဖြစ်​နေသည့်၊ မီး​လောင်ပြင်တွင် ရန်ရိနှင့်အတူယှဥ်တွဲတိုက်ခိုက်သည့် ထိုလူဖြစ်​လေသည်။ ရန်ရိ ဒဏ်ရာရ၍ စစ်​မြေပြင်မှဆုတ်ခွာသည့်အချိန်မှာ,မှာ​တောင်မှ သူ့အား ပထမဆုံး​ပွေ့ဖက်ခဲ့သည့်လူကလည်း မိမိမဟုတ်ဘဲ အဲ့ဒီယန်ကြွယ်ဖြစ်​​နေလေသည်။

တပ်ဖွဲ့ထဲသို့ ယန်ကြွယ်ဝင်သွားသည်ကို ကုံးရင့်ရှန်ကြည့်​နေခဲ့သည်။ သူ လက်​​ကောက်ဝတ်ကို​ မြှောက်လိုက်ပြီး နာရီကို ကြည့်နေခဲ့သည်။ ထိုလက်တံများအ​ပေါ်တွင် အငြိုးရှိ​နေသည့်နှယ်၊ ၄င်းတို့အား အ​သေစိုက်​ကြည့်နေလေသည်။ ၄င်းတို့ တစ်ပတ်ပြီးတစ်ပတ် ပတ်ပြီး၊ ငါးမိနစ် ပြည့်သွားသည့်အချိန်တွင် သူသည် လုံခြုံ​ရေးခါးပတ်ကို အမြန်​ဖြုတ်လိုက်ပြီး အပြင်ကုတ်ကိုယူကာ ကား​ပေါ်မှဆင်းမည်လုပ်​တော့သည်။ သို့သော် စဥ်းစားကြည့်လိုက်ပြီး၊ ထိုဆိတ်​မွှေးကုတ်အင်္ကျီကို ထိုင်ခုံ​ပေါ်သို့ ပြန်ပစ်ချပစ်လိုက်​တော့သည်။

တပ်ဖွဲ့ထဲသို့ ဝင်သွား​သော်၊ သိကျွမ်းသည့်တပ်သားသုံး-​လေး​ယောက်တို့က သူ့ကို နှုတ်ဆက်ကြ​လေသည် :

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now