Chapter 127

5.2K 860 92
                                    

[Unicode]

ရန်ရိသည် လည်ပင်းကို ​တောင့်တင်းစွာ​လှည့်လိုက်ပြီး၊ အကြည့်ကို ​​ရွှေ့လိုက်သည်။ သူ တစ်ခါတုန်းက နက်နက်ရှိုင်းရှိုင်းချစ်ခဲ့ဖူးသည့်မျက်နှာကို မကြည့်ချင်​ပေ။ ယခုအချိန်တွင် ထိုမျက်နှာ​ပေါ်ရှိ ကူကယ်ရာမဲ့မှု၊ ထိတ်လန့်မှု၊ မ​ကျေနပ်မှုများမှာ သူကသာ အဲ့ဒီအမှားကိစ္စကိုလုပ်ခဲ့သည့်လူသကဲ့သို့ပင်--ကုံးရင့်ရှန်အား ဝမ်းနည်း​စေသည့်အမှားကို လုပ်ခဲ့သလိုမျိုးပင်။

ရန်ရိ ​ခေါင်းငုံ့လိုက်ပြီး၊ ကုံးရင့်ရှန်ကို တွန်းဖယ်ကာ ထွက်သွားလိုက်ချင်မိသည်၊ ကုံးရင့်ရှန်ကမူ ရန်ရိ၏လက်​ကောက်ဝတ်ကို ဖမ်းဆွဲလိုက်ပြီး :

" မသွားရဘူး။ "

ရန်ရိ ​ခေါင်း​မော့လာပြီး၊ ​ဒေါသနှင့်​ပြော​လေသည် :

" ဖယ်စမ်း။ "

ကုံးရင့်ရှန် နှုတ်ခမ်းကို ပြန့်လိုက်ပြီး၊

" မင်း ဘယ်အချိန်ထိ စိတ်ဆိုးမှာလဲ ?"

ရန်ရိသည် လက်ကို ပြန်ရုတ်လိုက်ချင်​ခဲ့သော်လည်း လက်​ကောက်ဝတ်သည် ကုံးရင့်ရှန်၏ တင်းကျပ်စွာဖမ်းဆုပ်ထားခြင်းကို ခံခဲ့ရ​လေသည်။ သူ ကုံးရင့်ရှန်ကို မယုံကြည်နိုင်စွာဖြင့် ပြူးကြည့်ရင်း :

" ငါက မင်းကို စိတ်​ဆိုးနေတယ်လို့ မင်း ထင်​နေတာလား ?ငါက မင်းသတ်မှတ်ထားတဲ့အချိန်အတိုင်း စိတ်ဆိုး​ပြေ​အောင်လုပ်ပြီး​တော့ မင်းနဲ့အစတုန်းကလိုမျိုး​ပြေလည်သင့်တယ်လို့ မင်း ထင်​နေတာလား ?"

သူ ​အော်​ပြောလိုက်သည်၊

" မင်း​မေ-ိုး ဒါက ဆရာဝန်လုပ်တမ်းကစား​နေတယ်များမှတ်​နေတာလား !"

ကုံးရင့်ရှန်၏နှုတ်ခမ်း​ထောင့်စွန်းသည် ​အသာ​လေးတုန်ယင်​နေကာ၊ နူးညံ့ပြီးမပြတ်သားစွာ​ပြောလိုက်သည် :

" ဒါဆို......မင်း ဘယ်လိုလုပ်ချင်တာလဲ ?"

ရန်ရိသည် ကုံးရင့်ရှန်ကို ပြူး​ကြည့်နေခဲ့ပြီး မျက်ခမ်းစပ်များမှ တဖြည်းဖြည်းနီရဲလာ​လေသည်။ ဝမ်းနည်းမှုများကလည်း နှာ​ခေါင်း​ပေါက်ထဲသို့ ဆန်တက်လာပြီး သူ့အား မျက်ရည်ကျလုမတတ် တွန်းအား​ပေး​နေ​တော့သည် :

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now