Chapter 42

3.6K 688 30
                                    

[Unicode]

ရန်ရိသည် ​ခေါင်းညိတ်ကာ​​ပြောလိုက်သည် :

“ နည်းလမ်း​ကောင်းပဲ၊ သတိမထားမိတဲ့အချိန်မှာ သတ်ပစ်လိုက်တာမျိုး​ပေါ့။ ဟုတ်သားပဲ။ Dark web အဲ့ဘက်​ရော အသစ်​တစ်ခုခုတွေ့ထားတာများ ရှိလား ?”

သူ့ပါးစပ်ကသာ မ​ကြောက်ဘူးဟု ​ပြော​နေ​ပေမဲ့၊ သို့သော် မိမ်၏ကိုယ်​ရေးအချက်အလက်များမှာ ထိုကဲ့သို့သော​နေရာမျိုးတွင် ​ဖော်ပြခြင်းခံထားရသဖြင့်၊ သူ စိတ်မပူဘူးဆိုသည်မှာ မဖြစ်နိုင်​ချေ။ ထို့အပြင် ထိုလိပ်စာတွင် မိမိ၏ဖခင်​နေထိုင်​နေ​သေးသည်။

“ ​ရှောင်ထန်က Account log in လုပ်ထားတယ်။ ဒါ​ပေမဲ့ အဲ့ဒီ Web မှာ စည်းမျဥ်းရှိတယ်။ အသစ် Log in ထားတဲ့ Acc က ​သေချာ​ပေါက် 7ရက်ပြည့်မှ active ဖြစ်လို့ရတယ်။ ဥပမာ Liveတို့၊ ​ဆွေး​နွေးပွဲမှာစာပို့တာတို့၊ အခ​ကြေး​ငွေအ​ရောင်းအဝယ်လုပ်တာမျိုးတို့​ပေါ့။ ပြီး​တော့ Acc ကလည်း အဆင့်တွေခွဲထား​သေးတယ်။ သုံးစွဲတာနဲ့ active ဖြစ်တာက အဆင့်နဲ့ဆက်စပ်မှုရှိတယ်။ အဆင့်မြင့်​လေ​လေ ဝင်ကြည့်နိုင်တဲ့ဟာ​တွေကများ​လေ​လေပဲ။ Dark web ထဲမှာမှ Dark web ထပ်ရှိ​သေးတယ်။ ”

“ ကျိုးချွမ်းရဲ့ acc​ number က​​ရော ?”

ကုံးရင့်ရှန် :

“ အ​စောကြီးကတည်းက Seraph ban တာခံလိုက်ရပြီ။ ငါတို့က သူတို့ကို ​စောင့်ကြည့်​နေတယ်ဆိုတာကို Seraph က သိတယ်၊ အဲ့တာ​ကြောင့် ​အခုတ​လော တရုတ်ပြည်မကြီးက IP ​တွေ အကုန်လုံးက အထိန်းသိမ်းခံလိုက်ရပြီ။ ကျိန်း​သေ​တာက​တော့၊ အဲ့ဒီ web ကို သုံးချင်တဲ့လူက​တော့ နည်းလမ်းရှိမှာပဲ။ ”

“ ဒီ website က ဒီ​လောက်မျက်နှာ​ပြောင်တိုက်​နေတာ၊ ငါတို့ သူ့ကိုအနိုင်ရဖို့ နည်းလမ်း​လေးနည်းနည်း​လေး​တောင်မှမရှိဘူးလား ?”

ကုံးရင့်ရှန်သည် မျက်​မှောင်ကြုတ်ပြီး​ပြော​လေသည် :

“ ငါတို့က အခု Seraph နေပြီး​တော့ ပြည်တွင်းက user ​တွေကို ရှာ​တွေ့ဖို့ ​မျှော်လင့်​နေတာ။ ဒါ​ပေမဲ့ user ​တွေကိုရှာ​တွေ့ခဲ့တယ်ဆိုရင်တောင်မှ၊ တကယ်ပြစ်မှုကျူးလွန်ထားတာမျိုးမရှိရင်လည်း အသုံးမဝင်ဘူး၊ အရန်အမှုတွဲ​​တစ်ခုလောက်ပဲလုပ်နိုင်လိမ့်မယ်။ ”

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now