[Unicode]
ရန်ရိ ထိန်းချုပ်အခန်းသို့ရောက်သော်၊ အခန်းထဲတွင် လုံခြုံရေးတွေအပြင် စွန်းတင့်ယိ၊ လျိုဟွေး၊ အားကစားရုံဝန်ထမ်းများနှင့် ဒီတစ်ခေါက်တာဝန်ကျရဲအင်အားများ၏ခေါင်းဆောင် ကျန်းကျုံ့တို့ပါရှိနေကြောင်းကို တွေ့လိုက်ရသည်။
" ဘာဖြစ်တာလဲ ?"
ရန်ရိသည် တစ်လမ်းလုံးတွင် စိတ်အခြေအနေကို အတတ်နိုင်ဆုံးထိန်းညှိလာခဲ့လေသည်။ ပုံမှန်ဆိုလျှင် စွန်းတင့်ယိသည် စနောက်ရသည်ကိုကြိုက်သော်လည်း--ပုံမှန်အချိန်တွင် သူတို့အကုန်လုံး စနောက်ရသည်ကိုကြိုက်ပေသည်--သို့သော် တကယ့်အရေးကိစ္စတွင်မူ လုံးဝကိုစေ့စပ်ပေသည်။ စွန်းတင့်ယိ၏လေသံမှနေ၍ သူသည် ကိစ္စ၏အလေးအနက်ဖြစ်မှုကို သိနိုင်ပေသည်။
စွန်းတင့်ယိသည် CCTV ပြနေသည့် screen ကို လက်ညှိုးထိုးပြလိုက်ပြီး :
" ဒီနေရာကို ထပ်ပြန်ပြ။ "
လုံခြုံရေးသည် pop-up window တစ်ခုကို ဖွင့်လိုက်ပြီး၊ တစ်ပြိုင်နက်ရှင်းပြလေသည် :
" ကျွန်တော် ခုနတုန်းက တာဝန်ကျနေတုန်း၊ ရုတ်တရက်၊ ရှိသမျှ screen တွေ အကုန်လုံးမည်းသွားတာ။ နောက်တော့ ဒီလိုမျိုးဗီဒီယိုတစ်ခုပေါ်လာတော့တာပဲ။ "
အရင်ဆုံး မျက်နှာပြင်သည် ပိန်းပိတ်အောင်မှောင်မည်းနေခဲ့သည်။ လေး-ငါးစက္ကန့်လောက်ကြာသောအခါ၊ screen ပေါ်တွင် ထူးဆန်းသည့်အပြုံးရှိသည့်ငှက်မျက်နှာဖုံးသည် အချက်မပေးဘာမပေးနှင့် ပေါ်ထွက်လာလေသည် !
ရန်ရိ၏နှလုံးသားသည် တစ်ချက်တုန်သွားလေသည်။ ဒီမျက်နှာဖုံးက မဟုတ်မှလွဲရော......
ကင်မရာသည် တဖြည်းဖြည်းအနောက်ဆုတ်သွားပြီး၊ မြင်ကွင်းကိုချဲ့လိုက်သည်။ ငှက်မျက်နှာဖုံးဝတ်ထားသည်မှာ အမည်းရောင်တရုတ်ရိုးရာဝတ်စုံကို ဝတ်ထားသည့်ယောကျာ်းတစ်ယောက်ဖြစ်ပြီး၊ ကုလားထိုင်တွင် ခြေဗလာနှင့်ထိုင်နေလေသည်။ ကင်မရာမြင်ကွင်းထဲတွင် လူတစ်ယောက်နှင့်ထိုင်ခုံတစ်လုံးကလွဲ၍ ဘာပစ္စည်းမှမရှိသည့် အမှောင်ထုတစ်ခုသာဖြစ်သည်။
YOU ARE READING
Fight The Fire 《火焰戎装》Myanmar Translation
General FictionOriginal Author : 水千丞 (Shui Qian Cheng) Myanmar Translation of Fight the Fire 《火焰戎装》 196 Chapters + 4 Extras Disclaimer : I don't own this story and any picture that I used in this story. All credits go to author 水千丞 and original artists. I transla...