[Unicode]
ရန်ရိက စိတ်ရှည်စွာဖြင့် ပြောလိုက်သည်:
“ မင်းတို့ဂိုဏ်းရဲ့ brain wash ထားတာကို ဝါဒဖြန့်ချင်နေသေးတာလား ? မင်း သေချာနားထောင်၊ မင်းရဲ့ ဘာေ-ာက်အတွေး၊ ဘာယုံကြည်မှု၊ ဘာဘဝရည်ရွယ်ချက်ကိုမှ ငါ မသိချင်ဘူး။ ငါ သိတာက၊ မင်းက သေရင်တောင် နှမြောဖို့မတန်တဲ့လူသတ်ကောင်၊ ကိုယ့်ရဲ့မိန်းမနဲ့ကလေးတွေကိုတောင်မှ သတ်တဲ့အယုတ်တမာကောင်၊ ပိုများတဲ့အပြစ်မဲ့တဲ့လူတွေကို မင်း ဒုက္ခပေးတာမျိုးကို ငါ တားရမယ်ဆိုတာကိုပဲ။ ”
“ မိန်းမနဲ့ကလေး ” ဟု ဆိုသော်၊ ပိုင်ချစ်ချန်၏မျက်နှာထားမှာ စိုးစဉ်းမျှမပျက်သွားသည့်အပြင် ခိုင်မာစွာဖြင့်၊
“ ကျွန်တော်က သူတို့ကို သန့်စင်ပေးနေတာ၊ ခင်ဗျားနားလည်မှာ မဟုတ်ပါဘူး။ ”
ရန်ရိက ဒေါသဖြင့်ပြောတော့သည်:
“ ငါ နားလည်ဖို့ မလိုဘူး၊ ငါ မင်းကို ကွပ်မျက်ဖို့ပဲလိုတယ်။ ”
ရန်ရိ၏လက်ကိုင်ဖုန်းမှာ နောက်တစ်ကြိမ်ထပ်မြည်လာခဲ့သည်။ သေချာပေါက် ကုံးရင့်ရှန်မှန်း မကြည့်ဘဲနှင့်သိပေသည်။
ပိုင်ချစ်ချန်မှာ လက်ကိုင်ဖုန်းကို တစ်ချက်ဆွေကြည့်လိုက်ပြီး လက်ခံသည့်ခလုတ်ကို နှိပ်လိုက်လေသည်။
ဖုန်းတစ်ဖက်မှာ တိတ်ဆိတ်နေပြီး ခပ်ဖွဖွအသက်ရှူသံကိုသာ ကြားရပေသည်။
အတော်လေးကြာမှ ကုံးရင့်ရှန်၏ အသံထွက်လာခဲ့သည်:
“ ရန်ရိ၊ စကားပြော။ ”
သူ စိတ်တည်ငြိမ်သွားလေပြီ။
ရန်ရိမှာ ပိုင်ချစ်ချန်ကို ကြည့်နေပြီး၊ စကားစမြည်အလုပ်၊ ပိုင်ချစ်ချန်က လက်ဦးမှုယူကာပြော၏:
“ ဒေါက်တာကုံး၊ ကျွန်တော်က ပိုင်ယန့်ပါ။ ”
ကုံးရင့်ရှန်၏အသက်ရှူနှုန်းမှာ လေးလံလာပြီး:
“ ရန်ရိရော၊ ယွဲ့ရှင်းကူရော။ ”
ရန်ရိ အသံကို မြှင့် လိုက်ပြီး :
“ ငါတို့ လတ်တလောတော့ ဘာမှမဖြစ်ဘူး။ ပိုင်ယန့်ရဲ့ကိုယ်ပေါ်မှာ မသိတဲ့ဓာတုဗုံးတွေရှိတယ်။ ”
YOU ARE READING
Fight The Fire 《火焰戎装》Myanmar Translation
General FictionOriginal Author : 水千丞 (Shui Qian Cheng) Myanmar Translation of Fight the Fire 《火焰戎装》 196 Chapters + 4 Extras Disclaimer : I don't own this story and any picture that I used in this story. All credits go to author 水千丞 and original artists. I transla...