Chapter 113

5.9K 872 72
                                    

[Unicode]

သန့်စင်ခန်းမှ ထွက်လာ​သော်၊ ရန်ရိ၏​ခြေ​ထောက်နှစ်​ချောင်းမှာ ထုံပြီးပျော့​​ခွေ​နေခဲ့သည်။ စိတ်ထဲတွင်လည်း ဒီလိုမျိုးကိုယ့်သေတွင်းကိုယ်တူးသည့်လုပ်ရပ်မျိုးကို နှိုင်းဆမရ​လောက်အောင်ကို ​နောင်တရ​​နေတော့သည်။

သူ နောက်ဆုံး​တွင် သင်ခန်းစာရသွား​လေပြီ။ ကုံးရင့်ရှန်က စချင်တိုင်းစလို့မရဘူးဆိုတာကို သူ သိသွား​လေပြီ။ သာမန်ပဲပြသထားတာ​တောင်မှ အလွန့်ကိုကြောက်စရာ​ကောင်း​နေ​​ပြီဖြစ်သည်။ ကျီစားမိလိုက်တိုင်း ​သေမလိုပင်။

သို့သော် သူသည် အမှတ်မရှိဘဲ၊ ကုံးရင့်ရှန်ကို စ,ရ၊ ​နောက်ရတာကို အလွန်သ​ဘောကျ​ပေသည်။ ကုံးရင့်ရှန်တစ်​ယောက် မျက်နှာရဲ​နေသည့်ပုံစံ သို့မဟုတ် စိတ်လှုပ်ရှား​နေသည့်ပုံစံကို ကြည့်ရင်း၊ ရင်ထဲတွင် အလွန့်အလွန်ကို ​ကျေနပ်​နေမိ​လေသည်--​နောက်ဆက်တွဲအကျိုးဆက်ကလည်း သေချာ​ပေါက် သူ့ဘာသာသူ တာဝန်ယူရ​​တော့တာ​ပေါ့။

ရန်ရိလမ်း​​လျှောက်သည့်ပုံစံမှာ အနည်းငယ်မူမမှန်​သည်ကို ကုံးရင့်ရှန်​တွေ့လိုက်ရသဖြင့် လက်ကိုဆန့်ပြီး သူ့အား ကူတွဲ​ပေးလိုက်ချင်ခဲ့သည်။

ရန်ရိမှာ ချက်ချင်းကို ​ရှောင်လိုက်​တော့သည်။ သူ အရှက်အကွဲခံချင်​နေ​သေးတာလား။

ကုံးရင့်ရှန် အသံတိုးတိုး​လေးနှင့်​ပြောလိုက်သည် :

" မင်း ခဏ​လောက် နားဦးမလား ?"

" မလိုပါဘူး။ "

ရန်ရိသည် ကုံးရင့်ရှန်ကို တစ်ချက်ခိုးကြည့်လိုက်ပြီး၊ စိတ်ထဲတွင် ဆိုးယုတ်သည့်ရည်ရွယ်ချက်​ပေါ်လာ​လေပြန်​သည်။

" ငါ ဆိုဖာမှာ ခဏသွားထိုင်လိုက်ဦးမယ်။ "

" ​ကောင်းပြီ။ "

နှစ်​ယောက်သား ဆိုဖာ​​​ပေါ်တွင် ထိုင်လိုက်ရုံရှိ​သေးသည်၊ ရန်ရိမှာ ကုံးရင့်ရှန်၏ကိုယ်​ပေါ်သို့ ပစ်ဝင်လိုက်ပြီး သက်​တောင့်သက်သာရှိသည့်​နေရာကိုရှာကာ လဲချလိုက်​တော့သည်။

ကုံးရင့်ရှန်သည် နှုတ်ခမ်း​ကိုစေ့ထားလျက် ပြုံးလိုက်ပြီး၊ လက်တစ်ဖက်ကို ရန်ရိ၏​ကျော​ပေါ်သို့ တင်ကာ နူးညံ့စွာပုတ်​ပေး​နေခဲ့​လေသည်။

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now