Chapter 70

3.9K 645 25
                                    

[Unicode]

အိပ်​​ပျော်သွားသည်မှာ ညသန်း​ခေါင်သို့​ရောက်​သော်၊ ရန်ရိသည် နိုးလာခဲ့ပြီး ကုံးရင့်ရှန်မှာ မိမိနှင့်အတူအိပ်ရာခင်းတစ်ခုထဲတွင် ပူးကပ်သပ်ပြီးအိပ်​နေ​ကြောင်းကို သူ​တွေ့လိုက်ရသည်။ နှစ်​ယောက်မှာ ကြင်ကြင်နာနာနှင့်အိပ်​နေသလိုမျိုးပင်။

ကုံးရင့်ရှန်၏ အသက်ရှူနှုန်းမှာ​ပေါ့ပါးပြီးတည်ငြိမ်နေသဖြင့်၊ ကြည့်ရသည်မှာ အလွန်နှစ်ခြိုက်စွာအိပ်​ပျော်​နေသည့်ပုံပင်။

အိပ်တစ်ဝက်နိုးတစ်ဝက်ဖြစ်​နေ​သော​ကြောင့် ဖြစ်​ကောင်းဖြစ်နိုင်​ပေသည်၊ ​ခေါင်း​မူးနေသည်မှာလည်း မ​ပျောက်​သေး​သော​ကြောင့် ဖြစ်​ကောင်းဖြစ်နိုင်​ပေသည်။ ပုံမှန်ဆိုလျှင် ဤအ​ခြေ​နေဤ​မြင်ကွင်းက သူ့အား​ဖြစ်​စေမည့်ထိတ်လန့်မှုကို ရန်ရိသည် လျစ်လျူရှုလိုက်နိုင်​ခဲ့​လေသည်။ သူ့၏ခန္ဓာကိုယ်နှင့်စိတ်တို့သည် ​နွေး​ထွေးသည့်​ကျေးလက်​ဒေသတွင် ​ပျော်​မွေ့​နေသလိုမျိုး ​တလွင့်လွင့်ဖြစ်​နေပြီး၊ ပျင်းတက်​ကျေနပ်​နေမိသည်။

အခုက အိပ်မက်မက်​နေတာဖြစ်​နေမလားဆိုတာကို​တောင် ပြောမရ​ချေ။ အိပ်မက်ဖြစ်​နေမှ​တော့ ဘာလို့များ သိပ်အများကြီးကိုစိတ်ပူ​နေရ​တော့မှာလဲ။ ရန်ရိသည် လက်​မောင်းကိုသုံးပြီး ကုံးရင့်ရှန်အား​ အတင့်ရဲစွာနှင့်ဖက်လိုက်သည်။ ပိုပြီးသက်​တောင့်သက်သာရှိသည့်၊ ပိုပြီးနီးကပ်သည့် အိပ်သည့်အ​နေအထားကို ညှိယူလိုက်ပြီး၊ ကုံးရင့်ရှန်၏ခန္ဓာကိုယ်​ငွေ့ကို စိတ်တိုင်းကျခံစားနေခဲ့သည်။

တကယ်လို့သာ ဒီဟာကအိပ်မက်ဆိုရင် သူ့ကို သိပ်အမြန်ကြီးမနိုးလာပါ​စေနဲ့။

----

ရန်ရိ ​နောက်တစ်ကြိမ်ထပ်နိုးလာသည့်အချိန်တွင် မိုး​တောင်လင်း​နေပြီဖြစ်သည်။ သူ သည်လောက်နှစ်နှစ်ခြိုက်ခြိုက်အိပ်မ​ပျော်တာ​တောင် အရမ်းကိုကြာ​နေပြီ​လိုပင်။ အိပ်ရတာ​တောင်မှ အနည်းငယ်ပင်ပန်း​နေခဲ့သည်။ သို့သော် ပင်ပန်းရသည့်အ​ကြောင်းအရင်းမှာ သူသည် တစ်ညလုံးခန္ဓာကိုယ်ကို မဆန့်ထားခြင်း​ကြောင့်ဖြစ်သည်ဆိုတာကို သူ အလျင်အမြန်သတိရလာခဲ့သည်။ အ​​ကြောင်းရင်းမှာ……

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now