Chapter 139

5.7K 749 46
                                    

[Unicode]

ချွီးယန်​ပေါက ​ဒေါသနှင့်​ပြော​တော့သည် :

“ အဲ့ဒီ့သတင်းသမားနဲ့မိသားစုဝင်နှစ်ခုစလုံးက သူ တပ်ဖွဲ့ကို စစဝင်ခဲ့တဲ့အချိန်တုန်းကဟာ​တွေ​လေ။ တကယ့်အ​ခြေအ​နေကို အရာရှိချုပ်လည်း သိတာပဲ။ သူလည်း အပြစ်​ပေးခံရပြီးပြီ​လေ။ ဆယ့်​လေး-ငါးနှစ်​လောက်တုန်းက ရန်ဖြစ်တာကို​တောင်မှ ​ေ-ာက်ကျိုးနည်း​ လာနောက်​ကြောင်းလှန်သေးတယ်။ ငယ်ငယ်တုန်းက အိပ်ရာပေါ်​သေး​ပေါက်ချတာကလည်း အပြစ်ရှိတာပဲလား ?”

ရွှီကျင့်က ​အော်​ပြော​​​လေသည် :

“ မင်း ငါ့ကို ဒါ​တွေ​ပြော​တော့​ရော အသုံးဝင်လို့လား ?သူ့ကိုလုံးဝမသိတဲ့လူကို ဘယ်လိုလုပ်ပြီး​တော့ သူ့ရဲ့အမူအကျင့်ကို ယုံကြည်​အောင်လုပ်နိုင်မှာလဲ ?အန်းကျားအိမ်ရာ video က​နေ ပုဂ္ဂလိက​ဆေးရုံ၊ ထပ်ပြီး အတိတ်​ဟောင်း​တွေအထိ၊ ဒီလိုတစ်ခုပြီးတစ်ခု​ပေါ်လာ​နေ​​တော့ netizen ​တွေရဲ့စိတ်ထဲမှာ သူ့ image က အမြစ်တွယ်သွားပြီ။ အခု PR ဌာနနဲ့ရဲဘက်က လိုင်း​ပေါ်ကလူထုအမြင်​တွေကို အတူတူ​ဖြေရှင်း​နေတယ်၊ ဒါ​ပေမဲ့ အခု ဒီဟာက တကယ်ကို hot ဖြစ်​နေတဲ့အရာဆို​တော့ ထိန်းချုပ်ဖို့က အရမ်းခက်တယ်၊ ဆန့်ကျင်ဘက်ရလဒ်​တောင်မှ ဖြစ်သွားနိုင်တယ်။ ငါတို့ သက်​သေကို ​သေချာပြင်ဆင်ပြီး​တော့ တစ်ခုပြီးတစ်ခု ငြင်းသွားမှရမှာ။ ”

“ ကျွန်​တော်တို့ သက်​သေကို ​သေချာပြင်ဆင်မှာပါ။ ”

ရန်ရိမှာ ​ငေး​ကြောင်​ကြောင်ဖြစ်​နေဆဲမှန်းကို ချွီးယန်​ပေါတစ်​ယောက် ​တွေ့​သော်၊ သူ့အား တစ်ချက်တွန်းလိုက်ပြီး၊

“ ရန်ရိ။ ”

ရန်ရိတစ်​ယောက် ခက်ခက်ခဲခဲနှင့် အသိပြန်ဝင်လာ​ပြီး၊ “ အင်း ” ဟု တိုးတိုးပြန်ထူးလိုက်သည်။

ရွှီကျင့်နှင့်ချွီးယန်​ပေါတို့က အ​ခြေအ​နေကို​​ဖြေရှင်းဖို့ရန် နည်းလမ်းရှာ​နေသည့်အချိန်တွင် သူသည် အစမှအဆုံးထိ မှုန်မှုန်မှိုင်းမှိုင်းဖြစ်​နေခဲ့​သည်။ စိတ်လှုပ်ရှားပြီး ​​ကြောက်စိတ်မွှန်​နေသည့်တိမ်ဆိုင်မည်းများမှာ သူ့၏ရင်ထဲတွင် ပြည့်နှက်​နေ​တော့သည်။ ဒီကိစ္စက ဘယ်လိုဖြစ်လာပြီး​ အဆုံးသတ်က​ရော ဘယ်လိုဖြစ်ဦးမှာလဲ ?ရင်းနှီးတဲ့လူရဲ့စေသနာကို လက်ခံလိုက်တာက သူ လာဘ်ယူတာဖြစ်သွား​ရောတဲ့လား ?နှစ်​ယောက်ကြားမှာ ဘယ်လိုအကျိုးမြတ်အလဲအလှယ်မှ မရှိခဲ့ဘူးဆိုရင်​တောင်မှ​လေ ?သူ အပြစ်​ပေးခံရမှာများလား၊ သူ တာဝန်အရပ်ဆိုင်းခံရပြီး ရာထူးအ​လျှော့ခံရတဲ့အပြင်……

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now