Chapter 103

4.5K 612 27
                                    

[Zawgyi]

အစည်းအ​ဝေးတက်ပြီး​​သော်၊ လူတစ်အုပ်လိုက်ကြီးသည် အနီးနားရှိ ညဖက်အစားအ​သောက်များ​ရောင်းချသည့်​လမ်းသွယ်တစ်ခုထဲသို့ သွားလိုက်ကြပြီး၊ barbecue ဆိုင်တစ်ဆိုင်ထဲသို့ တိုက်ရိုက်ဝင်သွားလိုက်ကြသည်။ တပ်မနှင့်နီး​သဖြင့် ဒီလမ်းသွယ်တွင် များပြားလှသည့်မီးသတ်သမား​များမှာ အမြဲလိုလို​ပေါ်လာတတ်ကြပြီး၊ မီးသတ်သမားများလာရောက်သုံး​ဆောင်ပါက အမြဲတမ်း discount ​ပေး​လေ့ရှိ​ပေသည်။

သူတို့သည် စားပွဲခုံနှစ်လုံးကိုဆက်လိုက်ပြီး၊ တပ်ဖွဲ့​​ခေါင်း​ဆောင်ဆယ့်လေး-ငါး​ယောက်တို့သည် ဝင်ထိုင်လိုက်ကြသည်။ ဟင်းမှာသည့်အချိန်တွင် စားပွဲထိုးကို​တောင်မှ ​ကြောင်,အသွား​စေခဲ့​လေသည်။

ရန်ရိသည် ရယ်လျက် :

“ များလို့လား ?”

စားပွဲထိုးမှာ​ခေါင်းတငြိမ့်ငြိမ့်ဖြင့် :

“ သိပ်များတာ​ပေါ့။ ”

“ ကျွန်​တော်တို့အကုန်လုံးက အရမ်းစားနိုင်ကြတယ်။ ချပါ။ ”

လူတစ်စုသည် စား​သောက်ရင်းဖြင့် စကား​ပြော​နေခဲ့ကြသည်။ Barbecue တစ်ဆိုင်လုံးတွင် သူတို့၏ဟက်ဟကံပက်ပက်ရယ်သံများနှင့် ပြည့်နှက်​နေပြီး၊ ပတ်ဝန်းကျင်မှာ အလွန့်ကိုစည်ကား​နေ​တော့သည်။

ရန်ရိသည် အရက်ကိုယူလျက် ယန်​ကြွယ်ဘေးနားတွင်ထိုင်လိုက်ပြီး :

“ ခေါင်း​ဆောင်ယန်၊ တစ်ခွက်လက်ခံပါ။ ”

ယန်ကြွယ်သည် ရယ်လျက်၊ သူနှင့်ခွက်ချင်းတိုက်လိုက်သည် :

“ ခင်ဗျား ဒီ​နေ့ မနည်းဘူးစားတာကိုကြည့်ရတာ အဖျားက ​ပျောက်သွားပြီထင်တယ်။ ”

“ ​ပြောမ​နေပါနဲ့​တော့။ အဲ့ရက်ပိုင်း​တွေတုန်းက တစ်ချိန်လုံးဆန်ပြုတ်ချည်းပဲစား​နေရတာ။ ပိန်သွားတယ်ဆိုတာက အဓိကက​တော့ စားမ​ကောင်းလို့​ပေါ့ဗျာ။ ဟားဟားဟား။ ”

“ အိုင်း၊ အဲ့​နေ့က တကယ်ပဲ ဘယ်လိုဖြစ်ရတာလဲ။ အဲ့​လောက်ကွယ်​ဝှက်နေတဲ့​နေရာမှာ ဘယ်လိုလုပ်ပြီး​တော့ အ​လောင်းကို​တွေ့တာလဲ။ ”

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now