Chapter 29

6K 934 216
                                    

[Unicode]

မနက်ပိုင်းအခင်း​နေရာကို စစ်​ဆေးခြင်းသည် ပြီးဆုံးသွားခဲ့​သည်။ အကုန်လုံးမှာ ပင်လည်းပင်ပန်းပြီး ဗိုက်ဆာလည်းဆာ​နေကြသဖြင့်၊ တန်ဆာပလာများကို ​သေချာသိမ်းဆည်းပြီး၊ တစ်​ယောက်ပြီးတစ်​ယောက် ​အောက်သို့ဆင်းသွားကြ​သည်။

ချီ​ရှောင်းနိုးလာပြီး​နောက် ဆက်လာသည့်ဖုန်းကို ရန်ရိတစ်​ယောက် လက်ခံရန်အချိန်မရှိ​ခဲ့သဖြင့်၊ သည်အချိန်တွင် ​လှေကားဆင်းရင်းဖြင့်၊ ချီ​ရှောင်းဆီသို့ စာ​လေး-ငါး​စောင်​လောက် ပြန်လိုက်သည်။ မနက်က အ​ရေးကြီးကိစ္စရှိလို့ အရင်သွားနှင့်လိုက်တာတို့၊ သူ့အင်္ကျီကို ငှားလိုက်တာတို့ စသည်ဖြင့် ​ပြောပြလိုက်သည်။

တိုက်​အောက်သို့​ရောက်​သော်၊ ရန်ရိသည် ဖုန်းကို သိမ်းလိုက်ပြီး၊ ကုံးရင့်ရှန်အား ကြည့်ရင်းဖြင့် :

" မင်း ဌာနခွဲကို ပြန်​မှာမလား ?သတင်းထူးရင် ငါ့ကို အသိ​ပေးလိုက်။ "

ကုံးရင့်ရှန်သည် ရန်ရိအား အ​ပေါ်​အောက်တစ်ချက်အကဲခတ်လိုက်သည်။ အကြည့်မှာ သိပ်မ​ကောင်း​ချေ။

" ဘာဖြစ်ရပြန်ပြီလဲ ?"

ရန်ရိသည်လည်း သူ့၏အကြည့်အတိုင်း ကိုယ့်အင်္ကျီကိုယ်ပြန်ကြည့်ကြည့်လိုက်သည်။ ​ဖော်ပြမတတ်​အောင် အနည်းငယ်မလုံမလဲဖြစ်​နေခဲ့သည်။

" ဒါ ဘယ်သူ့အင်္ကျီလဲ ?"

ရန်ရိသည် အံ့အားသင့်စွာ​ပြောလိုက်မိသည် :

" အယ့်၊ မင်း ဘယ်လိုလုပ်သိတာလဲ ?"

" မင်းရဲ့လစာနဲ့ အဲ့ဒီတံဆိပ်ကို ဝတ်နိုင်မှာမဟုတ်ဘူး။ "

ကုံးရင့်ရှန်သည် အားမနာလျှာမကျိုး​ပြောလိုက်သည်။

" ဒါ အရမ်း​စျေးကြီးလား။ "

ရန်ရိသည် T-shirt ကို ပြန်ကြည့်လိုက်သည်။ အဖြူ​ရောင်ရှပ်အ​ပေါ်မှာ ပုံ​လေးနည်းနည်းပါးပါးထည့်ထားတာပဲမဟုတ်ဘူးလားဟ။

" ငါ့အင်္ကျီက အရက်နံ့နဲ့​ဆေးလိပ်နံ့​တွေ ဆွဲ​နေလို့၊ သူငယ်ချင်းရဲ့အင်္ကျီကို ဝတ်လာခဲ့လိုက်တာ၊ မင်းနဲ့​တွေ့တဲ့အခါကျရင် မင်းထပ်ပြီးစကားမများရ​အောင်လို့။ "

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now