[Unicode]
ယမန်နေ့ညက ပေကျင်းတွင် မိုးသည်းထန်စွာရွာခဲ့လေသည်။ နွေအကုန်ဆောင်းဦးအစ၏ ပူလောင်မွန်းကြပ်မှုများသည် တစ်ညအတွင်း ငြှိမ်းသက်သွားပြီး၊ လောကကြီးတစ်ခုလုံးသည် အဆုံးမရှိအေးချမ်းသွားသကဲ့သို့ပင်။
မိုးရွာပြီးနောက် ရာသီဥတုသည် အလွန်နှစ်လိုဖွယ် အေးမြနေပေသည်။ တပ်ဖွဲ့တစ်ဖွဲ့လုံးသည် လေ့ကျင့်ရေးကွင်းတွင် အထူးလေ့ကျင့်နေကြပြီး၊ နှစ်စဥ်ကိုယ်ခံပညာပြိုင်ပွဲကို စိန်ခေါ်ရန်အတွက် ပြင်ဆင်နေခဲ့ကြသည်။
ယခင်က ကိုယ်ခံပညာပြိုင်ပွဲသာဆိုလျှင်၊ ရန်ရိသည် အုပ်စုဖွဲ့အစီအစဥ်နှင့် တစ်ဦးချင်းအစီစဥ် သုံး-လေးခုခန့်ကို စာရင်းပေးလိမ့်မည်ဖြစ်သည်။ သို့သော် တပ်ဖွဲ့ခေါင်းဆောင်ဖြစ်ပြီးကတည်းက လေ့ကျင့်ဖို့အချိန် သည် အများကြီးမရှိတော့ပေ။ ထို့အပြင် သူသည် အသက်နှစ်ဆယ်စွန်းစလူငယ်တစ်စုတို့နှင့် ယှဥ်ပြိုင်ရန်လည်း မသင့်တော်ပေ။ သို့သော် သူနှင့်ချွီးယန်ပေါတို့သည် စုပေါင်းဂုဏ်ရည်ကို ထင်ဟပ်စေရန်အလို့ငှာ၊ အုပ်စုအစီစဥ်အနည်းငယ်တွင် ပါဝင်ကြမည်ဖြစ်သည်။
ထိုအချိန်တွင်၊ အချက်ပေးခေါင်းလောင်းသည် ရုတ်တရက်မြည်လာခဲ့သည်။
စစ်ဝတ်စုံဝတ်ထားပြီး အောက်စီဂျင်ဘူးကိုကျောပိုးထားကာ၊ အလေးမလျက်အပြေးလေ့ကျင့်နေကြသည့် တပ်သားတစ်စုကို ရန်ရိတစ်ယောက် ကြည့်ပြီး၊ ရယ်ကျဲကျဲဖြင့် ပြောလေသည် :
" သွားရအောင်။ အတော်ပဲ အဝတ်စားလဲစရာမလိုတော့ဘူး။ "
လူတစ်ခုသည် ကားဂိုဒေါင်ထဲသို့ အလျင်အမြန်ပြွတ်သိပ်ပြီး ဝင်သွားကြသည်။ တာဝန်ကျသတင်းပေးသမားသည် ရန်ရိအနားသို့ပြေးလာပြီး အစီရင်ခံလေသည် :
" ခေါင်းဆောင်ရန်၊ မိလ္လာသန့်စင်တွင်းလမ်းကြောင်းလုပ်ငန်း အဆိပ်မိတာ။ "
ရန်ရိသည် အော်ပြောလိုက်သည် :
" ကယ်ဆယ်ရေးဝတ်စုံလဲကြ !"
YOU ARE READING
Fight The Fire 《火焰戎装》Myanmar Translation
General FictionOriginal Author : 水千丞 (Shui Qian Cheng) Myanmar Translation of Fight the Fire 《火焰戎装》 196 Chapters + 4 Extras Disclaimer : I don't own this story and any picture that I used in this story. All credits go to author 水千丞 and original artists. I transla...