[Unicode]
ရန်ရိသည် ဟုန်ဝူဌာနခွဲသို့ နောက်ထပ်,ထပ်ရောက်လာခဲ့သည်။ တာဝန်ကျအမျိုးသမီးဝန်ထမ်းများအားလုံးတောင်မှ သူ့အား သိကျွမ်းနေပြီဖြစ်သည်။ သူကလည်း လမ်းတစ်လျှောက်လုံး ရင်းနှီးစွာနှုတ်ဆက်နေသဖြင့်၊ ကုံးရင့်ရှန်ထက်တောင်မှ ပိုပြီး ဤနေရာတွင်အလုပ်လုပ်နေတာနှင့်တူနေသေးသည်။
စစ်ဆေးမေးမြန်းခန်းသို့ ဝင်လိုက်သောအခါ၊ ချိုးယန်နှင့်တစ်ခြားရဲတစ်ယောက်တို့သည် အရင်ရောက်နေနှင့်ပြီးဖြစ်သည်။ စားပွဲရှေ့တွင် စစ်မေးနေသည်မှာ ချိုက်ဝမ်၏အစ်ကို ချိုက်ချန်ဖြစ်ကြောင်း သိသာပေသည်။
ဤလူသည်ခိုးကြောင်ခိုးဝှက်အကြည့်ဖြစ်နေကာ၊ ပုံမှန် အကြည့်နှင့် ရဲသားများအား မကြည့်ရဲချေ။ တွန့်ဆုတ်နေသည့်ပုံစံနှင့်၊ ကြည့်လိုက်ရုံနှင့်ပင် အလွန်သံသယဝင်စရာကောင်းပေသည်။
ကုံးရင့်ရှန်သည် ခေါင်းငုံ့လိုက်ပြီး :
" ခေါင်းဆောင်ချိုး။ "
ရန်ရိသည်လည်း နှုတ်ဆက်လိုက်သည်။
ချိုးယန်က ပြောသည် :
" ခေါင်းဆောင်ရန်၊ ဒီအမှုကြောင့် ရှင် ဒုက္ခများသွားရပြီ။ ကံကောင်းထောက်မစွာနဲ့ ရှင်တို့ရဲ့မဆုတ်မနစ်ကြိုးစားမှုကြောင့်သာ ဒီလူကို တရားစွဲလို့ရခဲ့တာ။ "
ရန်ရိသည် ရယ်လျက် :
" ကျွန်တော်က နောက်ပိုင်းမှာ ဘာမှလည်းကူညီမထားပါဘူးဗျာ။ အကုန်လုံးက ဒေါက်တာကုံးက တိတ်တိတ်လေးဆောင်ရွက်ထားတာပါ။ "
" သူပြောတာက ရှင်က သူ့ကို လက်မလျှော့လိုက်ဖို့ တိုက်တွန်းတာတဲ့။ "
ချိုးယန်သည် ကုံးရင့်ရှန်အား မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ပြလိုက်ပြီး၊
" ဟုတ်တယ်မလား။ "
ကုံးရင့်ရှန်သည် ချောင်းအသာဟန့်လိုက်ပြီး၊ ဘာမှမပြောချေ။
ချိုးယန်သည် မျက်နှာကိုလှည့်ပြီး၊ ချိုက်ချန်အား ကြည့်လိုက်သည့်အချိန်တွင်၊ လှပသည့်မျက်ဝန်းများသည် အခိုက်တန့်လေးအတွင်းတွင် အေးစက်ပြီး ပြတ်သားသည့်အဖြစ်သို့ ပြောင်းလဲသွားလေသည်။
ČTEŠ
Fight The Fire 《火焰戎装》Myanmar Translation
BeletrieOriginal Author : 水千丞 (Shui Qian Cheng) Myanmar Translation of Fight the Fire 《火焰戎装》 196 Chapters + 4 Extras Disclaimer : I don't own this story and any picture that I used in this story. All credits go to author 水千丞 and original artists. I transla...