[Unicode]
ရန်ရိတစ်ယောက် ကိုယ့်ကိုယ်ကိုယ်သာအားတင်းပြီး၊ ကုံးရင့်ရှန်နှင့်အတူ အောက်ထပ်သို့ဆင်းသွားရတော့သည်။
မြောက်ပိုင်း၏ဆောင်းညတွင် အပူချိန်မှာ သုညဒီဂရီအနားထိနီးကပ်နေပြီဖြစ်သည်။ ချီရှောင်းမှာ leather jacket နှင့်ဂျင်းဘောင်းဘီကိုသာဝတ်ထားလေသည်။ အလွန့်ကို ယိုင်တိယိုင်တိုင်ဖြစ်နေပုံရသည်။ သူ့၏မျက်လုံးများမှာ နီရဲနေပြီး တစ်ကိုယ်လုံးလည်း အရက်နံ့များထောင်းနေကာ ဆံပင်များမှာလည်း နွမ်းလျစွာဖြင့်အောက်သို့စိုက်ကျနေလေသည်။
လျိုဟွေး ရန်ရိကို တွေ့သောအခါ၊ ပြောလာသည် :
“ ခေါင်းဆောင်ရန်၊ သူက ခေါင်းဆောင်ကို လာရှာတာလို့ ပြောတယ်။ ”
“ ဟုတ်တယ်၊ ငါ့သူငယ်ချင်း၊ မင်း အဆောင်ပြန်လိုက်ပါ။ ”
ချီရှောင်းသည် လက်ကို မြှောက်လိုက်ပြီး၊ ရန်ရိအား လက်ဝှေ့ယမ်းပြလိုက်သည်။ ငိုတာထက်တောင်မှ ပိုကြည့်ရဆိုးသည့် ခါးသက်သက်အပြုံးကို ပြုံးလိုက်ပြီး :
“ ဟိုင်း။ ”
ရန်ရိ သူ့အနားသို့လျှောက်သွားပြီး၊ မျက်မှောင်ကြုတ်ကာ ပြောလိုက်သည် :
“ မင်း ဘယ်လိုဖြစ်တာလဲ ?ဘာပြဿနာဖြစ်လို့လဲ ?”
ချီရှောင်း၏ဒီလိုမျိုးပုံစံကို သူမြင်လိုက်ရသဖြင့် တကယ်ကို အနည်းငယ်စိတ်ပူမိသွားသည်။
ကုံးရင့်ရှန်သည် လက်နှစ်ဖက်ကို အိတ်ကပ်ထဲတွင်ထည့်ထားပြီး၊ ချီရှောင်အား မျက်နှာသေနှင့်စိုက်ကြည့်နေခဲ့သည်။
“ ကျွန်တော် ထုတ်လုပ်ရေးအသင်းကနေ ထွက်ပြေးလာတာ…… ”
ချီရှောင်းသည် နှစ်ခါမျှရယ်လိုက်ပြီး၊ ဆို့နင့်နေသည်အသံဖြင့် ပြောလေသည်။
“ သရုပ်ဆောင်ငယ်လေးက တကယ်ေ-ာက်ရမ်း ဘယ်သူ့ကိုမှအာဏာမရှိဘူး။ ”
ရန်ရိသည် သက်ပြင်းဖွဖွလေးချလိုက်ပြီး :
“ ဝင်ပြီး ပြောတာပေါ့၊ အပြင်မှာ ဒီလောက်အေးနေတာ။ ”
YOU ARE READING
Fight The Fire 《火焰戎装》Myanmar Translation
General FictionOriginal Author : 水千丞 (Shui Qian Cheng) Myanmar Translation of Fight the Fire 《火焰戎装》 196 Chapters + 4 Extras Disclaimer : I don't own this story and any picture that I used in this story. All credits go to author 水千丞 and original artists. I transla...