Chapter 73

3.7K 629 23
                                    

[Unicode]

ဆေးရုံတက်​နေရသည့် ဤရက်ပိုင်းသည် အများ​သောအားဖြင့် ရန်ရိ၏ဒီနှစ်အတွင်းရှိအလွတ်လပ်ဆုံး၊ စိတ်အချမ်း​​​မြေ့ဆုံးအချိန်အခါဖြစ်​လေသည်။

​လေ့ကျင့်စရာမလို၊ အတန်းတက်စရာမလို၊ အ​ရေး​ပေါ်ထွက်စရာမလိုသည့်အပြင်၊ ​နေ့တိုင်း ကုံးရင့်ရှန်နှင့်အတူတပူးပူးတွဲတွဲနှင့် စကား​စမြည်ပြော၊ ထမင်းစား၊ အ​ညောင်း​ပြေအညာ​ပြေလမ်း​လျှောက်ကြ၊ ညဘက်ဘက်ဆိုလျှင်လည်း အိပ်ရာတစ်ခုထဲတွင် ကြပ်ကြပ်သပ်သပ်နှင့်ရုပ်ရှင်ကြည့်ရ​လေသည်။

ကုံးရင့်ရှန်မှာ ​​နေ့တိုင်းအချိန်​တော်​တော်များတွင် ဖုန်းနှင့် laptop ကိုသုံးပြီး အလုပ်လုပ်​နေသည်ဆို​သော်လည်း၊ သို့​သော် ကျန်သည့်အချိန်အကုန်လုံးနီးပါးမှာ သူ့တစ်​ယောက်တည်းအတွက်သာ​ဖြစ်​လေသည်။ သူသည် ကုံးရင့်ရှန်နှင့် အတတ်နိုင်ဆုံးနှစ်ယောက်တည်း ပိုပြီးနေနိုင်ရန်အတွက် တပ်ဖွဲ့ကလူ​များက သူ့ကိုလာကြည့်လျှင် အမျိုးမျိုး​သောဆင်​ခြေများအရှာခံရပြီး၊ အမြန်ဆုံး သူ့၏နှင်ထုတ်ခြင်းကိုခံကြရ​လေသည်။

ကုံးရင့်ရှန်၏အချိန်နှင့်အာရုံစိုက်မှုကို သည်လိုမျိုးအများကြီးပိုင်ဆိုင်ဖို့ဆိုသည်မှာ ရန်ရိ အရင်တုန်းက ​တွေး​တောင်မ​တွေးရဲသည့်အရာပင်။ ယခု​တော့ မိနစ်တိုင်းစက္ကန့်တိုင်းသည် သူ့အတွက်​ အလွန့်ကိုချိုမြိန်​နေခဲ့​သည်။ သို့သော်၊ လူဆိုသည်မှာ ရ​လေ​လေပိုပြီးတပ်မက်​လေ​လေဖြစ်သည့် ​လောဘသား​ကောင်ဖြစ်​​လေသည်။ နည်းနည်း​လေးရလိုက်သည်နှင့် ပိုပြီးများများလိုချင်​နေခဲ့သည်။ သူသည် သည်လိုမျိုးတစ်ခန်းထဲ၌အတူ​နေ​နေသည့်ပက်သက်မှုမျိုးတွင် ​​ပျော်မွေ့​နေခဲ့သည်။ သို့သော် ​​​နေ့ကောင်းရက်မြတ်များမှာ ဘယ်​လောက်မှမကျန်​တော့​ကြောင်းကို သူသည် ထိတ်လန့်စွာဖြင့်သတိပြုမိလိုက်​လေသည်။

ထိုကဲ့သို့ ကုံးရင့်ရှန်ကိုပိုင်ဆိုင်ချင်သည့်စိတ်မှာ ပိုပြီးပြင်းထန်လာ​လေ​လေ သူပိုပြီး မ​ပြောရဲ​လေ​လေဖြစ်သည်။ ​မပြောလျှင်၊ သူငယ်ချင်းအ​နေဖြင့် ရင်းရင်းနှီးနှီးဆက်ဆံနိုင်​​ဦးမည်။ အကယ်၍ ​ပြောလိုက်မည်ဆိုလျှင်၊ ဘာမှမရှိ​တော့တာမျိုး ဖြစ်သွားနိုင်​ပေသည်။ ဤအရာကို​တွေးမိလိုက်သည်နှင့် သူ ​ကြောက်ရွံ့​နေ​လေပြီ။

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now